BEC-TERO TV

တစ်နေ့ကိုပေါင်၉၀၀မရှာနိုင်ရင် ရိုက်နှက်ခံရတဲ့ပြည့်တန်ဆာများ၏ဘဝ

26 Sep 2016     1,419 Views


-စပိန်နိုင်ငံရဲ့ ကျွန်းစုမြို့တစ်ခုဖြစ်တဲ့ Ibiza မြို့မှာ စီမံချက်ကာလအတွင်း နိုက်ဂျီးရီးယားကနေ ပြည်တန်ဆာအဖြစ် အလုပ် လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်စုကို ရဲတပ်ဖွဲ့က ကယ်တင်လိုက်နိုင်ကြောင်း သိရပါတယ်။

-အဆိုပါ အမျိုးသမီးအဖွဲ့မှာ (၂၁) ယောက်အထိ ရှိပြီး၊ မိခင်နိုင်ငံဆီကနေ အခြားအလုပ်အကိုင်အခွင့်အလမ်း မက်လုံးတွေနဲ့ စပိန်ကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။

-Ibiza ကို ရောက်ရှိပြီး မကြာမီမှာ အခန်းတစ်ခုတည်းမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး တစ်ရက်ကို 14 နာရီအထိ ပြည့်တန် ဆာအလုပ်တွေ လုပ်ဖို့နဲ့ တစ်ရက်လျှင် ယူရို 1000 မှာ 900 အထိရှာဖွေပေးဖို့ ပြည့်တန်ဆာခေါင်းတွေရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။

- တိုက်ခန်းတစ်ခုအတွင်းမှာ ပြည့်တန်ဆာ (17)ယောက်အထိ တွေ့ခဲ့ရပြီး၊ အခြားနေရာမှ (4)ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

၎င်းတို့ဟာ ကျဉ်းမြောင်းလှတဲ့ တိုက်ခန်းတစ်ခုအတွင်းမှာ ပိတ်လှောင်ခံနေရပြီး၊ အစားအစာဝယ်ဖို့နဲ့ ဆေးဝါးကုသချိန်မှအပ အပြင်ကို လုံးဝ ပေးမထွက်ဘူးလို့ ဆိုပါတယ်။ ကုတင်သေးသေးလေးတစ်ခုကို လေးယောက်အထိ စုပေါင်း အိပ်စက်ရ ပြီး တစ်နေ့ကို ယူရိုတစ်ထောင် မရှာဖွေနိုင်တဲ့ ပြည့်တန်ဆာကို ပြည့်တန်ဆာခေါင်းတွေက တုတ်ဖြင့် ရိုက်နှက်ခြင်း၊ တံ မြက်စည်း ကြက်မွေးများဖြင့် ရိုက်နှက်ခြင်း၊ တစ်နေကုန် ဒူးထောက်ထိုင်ခိုင်းခြင်းတွေ ကျူလွန်ကြပါတယ်။အဆိုပါ အမျိုးသမီး ပြည့်တန်ဆာ အဖွဲ့နဲ့အတူ ပြည့်တန်ဆာ ခေါင်းနှစ်ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့ပြီး ခြေအိတ်ထဲမှာ သိမ်းဝှက်ထားတဲ့ ယူရို 50 တန် အစည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ပြည်တန်ဆာအဖြစ် လုပ်ကိုင်နေရသူတွေမှာ အများအားဖြင့် အသက်(18)နှစ် အရွယ် ၀န်းကျင်သာ ရှိသေးပြီး ထွက်ပြေးပါက ဆွေးမျိုးတွေအကုန်လုံးကို သတ်ပစ် မည်ဟု ခြိမ်းခြောက်ခံရပါတယ်။မိမိဘာသာ ဒီအလုပ်ကို မလုပ်ကိုင်လိုဘူးဆိုရင် ယူရို 50000 အမ်းရမည်လို့ သိရပြီး၊ ဒီပြစ်မှုတွေကို ကျူးလွန်နေသူတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ်အကောင့် 20 ကျော်ကိုလည်း စပိန်နဲ့ ဂျာမဏီရှိ တာဝန်ရှိသူတွေက ပိတ်သိမ်းအရေးယူလိုက်ပြီ ဖြစ်ပါတယ်။ အလားတူပြစ်မှုတွေနဲ့ ဆက်စပ်နေတဲ့ ရာဇ၀တ်မှုတွေကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။

Credit : shwemom


26 Sep 2016     1,419 Views




RELATED

Most Popular of International News

Most Popular of NEWS