BEC-TERO TV

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အချို့အား ထိရောက်စွာ အရေးယူပေးရန်အဆို လွှတ်တော် အတည်ပြု

26 Sep 2016     1,342 Views


စက်တင်ဘာလ ၂၂ ရက်နေ့က ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးဝင်းအောင် (ခ) ဦးပြုံးချို က အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ထိရောက်စွာ အရေးယူပေးရန် တင်သွင်းခဲ့သည့် အရေးကြီးအဆိုကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည်။
 
တင်သွင်းခဲ့သည့်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲ ၃၇၄ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁ မဲ၊ ကြားနေဆန္ဒမဲ ၈ မဲ ရရှိခဲ့ရာ ထောက်ခံဆန္ဒ မဲများသဖြင့် လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
 
Ref:TheVoice

26 Sep 2016     1,342 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS