ဒလ-ရန်ကုန် တံတား ၂၀၂၀-၂၀၂၁ တွင် အပြီးတည်ဆောက်မည်
23 Sep 2016 1,443 Views

ဒလ-ရန်ကုန် တံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌါနမှ စက်တင်ဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF ချေးငွေနှင့် မြန်မာအစိုးရတို့ ပူးပေါင်း တည်ဆောက်မည့် ဒလ-ရန်ကုန် မြစ်ကူးတံတားကို ရန်ကုန်တိုင်းဘက်အခြမ်းတွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း ကနေ ဒလမြို့နယ်ဘက်ကမ်းရှိ ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ချိပ်ဆက်၍ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။
တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌါနမှ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး တံတားတည်ဆောက်နေစဉ် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှု အခြေနေများကို နည်းပါးစေရန် ကိုရီးယား အတိုင်ပင်ခံ ကုမ္ပဏီနှင့် အသေးစိတ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။
Ref: ဆောက်လုပ်ရေးဝန်ကြီးဌါန