BEC-TERO TV

ဗီယက်နမ်မှာ လိင်ဖျော်ဖြေရေးလုပ်သား ၁ သိန်းကျော်ရှိနေပြီဟု ILO က ထုတ်ပြန်

22 Sep 2016     1,369 Views


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ လေ့လာမှုအရ ဗီယမ်နန်နိုင်ငံမှာ လိင်လုပ်သား ၁၀၀,၀၀၀ (၁ သိန်း) ကျော် ရှိနေပါပြီ။ တရားဝင် လိင်လုပ်သား ၃၃,၀၀၀ ရှိတယ်လို့ ဒီပလိုမတ်သတင်းဌါနက ထုတ်ပြန်ထားတဲ့ အချိန်မှာ ILO ရဲ့ လေ့လာတွေ့ရှိချက်အရ နိုင်ငံတွင်းမှာ လိင်လုပ်သားအရေအတွက်ဟာ ၁၀၁,၃၀၀ ခန့်မှန်းခြေ ရှိတယ်လို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
 
လိင်လုပ်သား အမျိုးသား၊ အမျိုးသမီး နဲ့ လိင်ပြောင်းထားတဲ့ သူတွေ၊ ပြည့်တန်ဆာခေါင်းတွေနဲ့ ဒေသတွင်းအာဏာပိုင်တွေကို အတွင်းကျကျ အင်တာဗျူးပြီးတဲ့အခါမှာ လိင်လုပ်သားအများစုက သူတို့အလုပ်တွေကို လုပ်ကိုင်နေရင်း အခက်အခဲကြားကနေ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ လက်တွဲလာကြပါတယ်။
“သူတို့ (လိင်လုပ်သား) တွေကို လိင်ဖျော်ဖြေရေး လုပ်ငန်းထဲ ရောက်လာအောင် တွန်းပို့ပေးတဲ့ အဓိကအချက်ကတော့ စီးပွားရေးကျပ်တည်းမှုကြောင့်ပါ၊ ဒီလောကထဲကို ရောက်မလာခင်က များသောအားဖြင့် သူတို့တွေဟာ အတည်တကျမဟုတ်တဲ့ လုပ်ငန်းမျိုးစုံကို အရင်က လုပ်ကိုင်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် လိင်ဖော်ဖြေရေးအလုပ်က အခြားအလုပ်တွေထက်စာရင် သူတို့အတွက် ပိုပြီးကောင်းမယ့် အခြေနေမျိုး အဲ့ဒီအချိန်မှာ ကြုံခဲ့ကြတာပါ” ဟု ILO ရဲ့ HIV ကာကွယ်ရေးစီမံချက်ကို လက်တွဲဆောင်ရွက်နေသူ Thi Thanh Huyen က ဆိုပါတယ်။
 
လိင်လုပ်သားတွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းရွေးချယ်မှုအပေါ် နောင်တရနေတာမျိုးမရှိပါဘူး၊ ILO က အင်တာဗျုးကြည့်တဲ့အခါ လိင်လုပ်သား အနည်းအကျဉ်းမျှသာ သူတို့ရဲ့ ကျန်းမာရေးအတွက် ကာကွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ ဖောက်သည်တွေ၊ ပြည့်တန်ဆာခေါင်းတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံမှုတွေကတော့ လိင်လုပ်သားအားလုံးနီပါးရဲ့ တူညီတဲ့ သတင်းပေးပြောဆိုချက်ဖြစ်ပါတယ်။
 
ပြည့်တန်ဆာခေါင်းတွေကို အင်တာဗျူးကြည်တဲ့အခါ လိင်လုပ်သားတွေဟာ မနိုင်ဝန်ထမ်းနေရတဲ့ အခြေနေတွေကို သိလာခဲ့ပါတယ်။ အချိန်ပြည့် အလုပ်လုပ်သူတွေ အနေနဲ့ တစ်နေ့မှာ ၁၀ နာရီ ကနေ ၁၂ နာရီထိ အလုပ်လုပ်ကြရပြီး အမျိုးသမီး လိင်လုပ်သားအများစုဟာ တစ်ရက်မှာ၊ ၆ နာရီအချိန်အတွင်း ဖောက်သည် ၁၀ ဦးလောက်ကို ဖျော်ဖြေပေးနေရပါတယ်။ အချို့ အမျိုးသမီးများက တစ်ရက်ကို ဖောက်သည် ၃၀ လောက် လက်ခံဖော်ဖြေရတယ်လို့ ပြောပြပါတယ်။
 
သန္ဓေတားတာနဲ့စပ်ဆက်တဲ့ ကာကွယ်မှုတွေကို လိင်လုပ်သား အနည်းအကျဉ်းလောက်ကသာ သုံးစွဲကြတယ်ဆိုတာကို ILO က ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ရလာဒ်ကတော့ HIV/AIDS ကူးစက်မှုတွေ အုပ်စုတွင်း ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။ ဒီပလိုမတ်သတင်းဌါန အဆိုအရ လိင်လုပ်သားတွေရဲ့ ၄၀% က HIV ကူစက်ခံထားရပြီး အမျိုးသမီးတွေဟာ မူးယစ်ဆေးသုံးစွဲသူ၊ လိင်တူခြင်းဆက်ဆံသူတွေကြောင့် HIV ကူးစက်ခံရဖို့အတွက် ပျော့ကွက်တစ်ခု ဖြစ်နေပါတယ်။ 
အရက်သေစာ အလွန်အကျူးသောက်သုံးခြင်းဟာလည်း လိင်လုပ်သားတွေကြားမှာ စိတ်ဓါတ်ကျချင်းနှင့် အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာရှိလာစေတာမို့ ကျန်းမာရေးအရ အန္တရာယ်တစ်ရပ်ဖြစ်လာနေပါတယ်။ ဗီယက်နမ်မှာ ပြည့်တန်ဆာလုပ်ငန်းက တရားမဝင်ခြင်းနှင့် လူမှုပတ်ဝန်းကျင်ကလည်း လက်မခံတာမို့ လိင်လုပ်သားများအနေနဲ့ ကျဉ်းထဲကျပ်ထဲအခြေနေမျိုး ဖြစ်နေပါတယ်။
 
၂၀၁၃ ခုနှစ်မှာ အစိုးရက လိင်လုပ်သားများအတွက် ပြန်လည်ထူထောင်ရေး စည်မျဉ်းများကို ဖြတ်ချခဲ့ပြီး ဖမ်းဆီးမိခဲ့ပါက ယူအက် ၂၅ ဒေါ်လာ ကနေ ဒေါ်လာ ၁၀၀ ထိ ဒဏ်ငွေသတ်မှတ်ခဲ့ပါတယ်။ အဲဒီအတွက် ပြည့်တန်ဆာလုပ်ငန်းဟာ တရားဝင်ဖြစ်သင့်တယ်ဆိုတဲ့ ပြန်လှန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆန့်ကျင်ဘက် အမြင်တွေကြောင့် လိင်လုပ်သားနဲ့ အာဏာပိုင်တွေရဲ့ ပြည်တန်ဆာလုပ်ငန်းအပေါ် သဘောထား ပြောင်းလဲလာနေပါတယ်။ လိ၍်လုပ်သားတွေဟာ သူတို့ရဲ့ အကြမ်းဖက်ခံရတာတွေ၊ လူသားချင်းမစာမနာ ဆက်ဆံခံရတာတွေကို ဖွင့်ပြောလာကြပါတယ်။
စင်ကာပူနိုင်ငံရဲ့ “ဂေလမ်း” လို လိင်လုပ်ငန်းတွေ လုပ်ဖို့ အနီရောင်ဧရိယာ အဖြစ် “စိုင်ဂွန်” လို မြို့ကြီးတွေမှာ နေရာတစ်ခု သတ်မှတ်ပေးလိုကြောင်း အာဏာပိုင်တွေကို အဆိုပြုခဲ့ပါတယ်။
 
ပြည့်တန်ဆာလုပ်ငန်း တရားဝင်ဖြစ်လာနိုင်တယ် ဆိုတဲ့ ဂယက်ကြောင့် ရဲအဖွဲ့က လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူကုန်ကူးမှုတားဆီးနှိပ်နင်းရေး လုပ်ငန်းနဲ့ သဟဇာတ မညီညွတ်မှာကို စိုးရိမ်ပူပန်မှု အချို့လည်းရှိနေပါသည်။

22 Sep 2016     1,369 Views




RELATED

Most Popular of International News

Most Popular of NEWS