BEC-TERO TV

တရုတ်တွင် ကမ္ဘာ့အကြီးဆုံး သင်္ဘောတင် ဓာတ်လှေကား ဖွင့်လှစ်

21 Sep 2016     1,324 Views


-တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးပြည်နယ်ထဲက လျှို ၃ သွယ်ရေကာတာကြီးမှာ တပ်ဆင်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောတင် ဓာတ်လှေကား

-သင်္ဘောတင် ဓာတ်လှေကားကို စက်တင်ဘာ ၁၉ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်

-တရုတ်ကုမ္ပဏီနဲ့ ဂျာမနီကုမ္ပဏီတခုတို့ ပူးပေါင်း ဒီဇိုင်းရေးဆွဲထုတ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးနဲ့ နည်းပညာအဆင့်အမြင့်ဆုံး သင်္ဘောတင်ဓာတ်လှေကားဖြစ်တယ်လို့ ဆိုပါတယ်

-ရေကာတာအထက်ပိုင်းနဲ့ အောက်ပိုင်းကို သင်္ဘောတွေ သွားလာနိုင်အောင် ချိတ်ဆက် အတင်အချလုပ်ပေးဖို့ဖြစ်ပြီး အလေးချိန် တန်ချိန် ၃၀၀၀ အထိ အတင်အချလုပ်နိုင်တာပါ

-အတင်အချလုပ်တဲ့ ဓာတ်လှေကား အမြင့်မီတာကတော့ ၁၁၃ မီတာ၊ အလယ်အလတ်စား သင်္ဘောတင်ဆောင်တဲ့ အခန်းကတော့ အရှည် ၁၂၀ မီတာနဲ့ အကျယ် ၁၈ မီတာ ရှိပါတယ်

ဒီဓာတ်လှေကားကို လျှို ၃ သွယ်ရေကာတာကြီးမှာ တပ်ဆင်လိုက်တဲ့အတွက် ယန်ဇီမြစ်ကြောင်းအတွင်း သွားလာတဲ့ ခရီးသည်တင်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ ရေကာတာကို ဖြတ်သန်းရတဲ့ ခရီးအရှည် ၃ နာရီနဲ့ မိနစ် ၄၀ လောက် သက်သာသွားတယ်လို့ ဆိုပါတယ်။ ဒီ လျှို ၃ သွယ်ရေကာတာကြီးဟာ ယန်ဇီမြစ်ကြောင်းပေါ်မှာ တည်ထောက်ထားပြီး ရေအားလျှပ်စစ်ထုတ်လုပ်ဖို့၊ ယန်ဇီမြစ်ကြောင်းအတွင်း ရေကြောင်းခရီးသွားလာမှုကို မြှင့်တင်ဖို့၊ ယန်ဇီမြစ်အောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ၁၉၉၄ နှစ်ကုန်ပိုင်းက စတင်ဆောက်လုပ်ခဲ့ပြီး ဒီ သင်္ဘောတင်ဓာတ်လှေကား တပ်ဆင်ရေးကတော့ စီမံကိန်းတခုလုံးရဲ့ အပြီးသတ်လုပ်ငန်း ဖြစ်ပါတယ်။

Soure : burmese.dvb.no


21 Sep 2016     1,324 Views




RELATED

Most Popular of International News

Most Popular of NEWS