အင်းဝအပ်ချုပ်ဆိုင်မှ ရှောင်ပြေးနေသော ပြစ်မှုကျူးခွန်သူများအား ဖမ်းဆီးရမိ
21 Sep 2016 1,669 Views

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း (ပ)၁၉၃/၂ဝ၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသောအမှုမှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ တင်မင်းလတ်(ခ)ဖိုက်ဇယ် (၃၇)နှစ်အား ၂၁.၉.၂ဝ၁၆ ရက်နေ့ ၁ဝ:၁၅ အချိန်တွင်လည်းကောင်း၊ မစုမွန်လတ် (၂၇)နှစ်အား ၂၁.၉.၂ဝ၁၆ ရက်နေ့ ၁၂:၅၅ အချိန်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon policeသတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထို့အပြင် နှိက်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးများ၏ အမှုကို ငွေကြေးဖြင့် ဖြေရှင်းခြင်းကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် က လက်ခံခဲ့သည့်အတွက် ပြည်သူများ မကျေမနပ်ဖြစ်ကာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံး၏ ဆိုင်းဘုတ်တွင် စက်တင်ဘာ ၂၁ ရက်နေ့က စာသားများလာရောက်ချိပ်ဆွဲ လှောင်ပြောင် သရော်ခဲ့ကြောင်း သတင်းရရှိသည်။

.jpg)
Ref: NewsWatch