BEC-TERO TV

ထိုင်းရုပ်ရှင်ဇာတ်ကား “Apatti” ကို အော်စကာဆုပေးပွဲ ဇကာတင် ရွေးချယ်ခံရ

20 Sep 2016     1,562 Views


ဇာတ်လမ်းဇာတ်အိမ်အရ အငြင်းပွားမှုတွေ ရှိခဲ့တဲ့ ဇာတ်ကားတစ်ကား “Apatti” ကို ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆု အတွက် ဇကာတင်စာရင်းတွင် ရွေးချယ်ခြင်းခံရသည်။ အော်စကာဆုအတွက် “Apatti” ဇာတ်ကားအပါအဝင် အခြားဖြစ်နိုင်ချေရှိသေးတဲ့ ထိုင်းရုပ်ရှင်ကား ၃ သုံးကား ကိုပါ ထိုင်းနိုင်ငံ အမျိုးသားရုပ်ရှင်အစည်းရုံးထည့်သွင်း ပေးပို့ခဲ့တာဖြစ်ပါတယ်။ 
 
မူရင်းအမည် “Arbat (အာပတ်)” ကနေ “Apatti” ဖြစ်သွားတဲ့ ရုပ်ရှင်ဇာတ်လမ်းကတော့၊ ဘန်​ကောက်က လူရွယ်လေးတစ်ယောက်ဟာ ဖခင်ရဲ့ အတင်းစေခိုင်းမှုကြောင့် ရွာသိမ်ရွာငယ်လေးတစ်ခုမှာ ဘုန်းကြီးဝတ်နေခဲ့ပါတယ်၊ အထီးကျန်ပြီး ပျင်းရိဖွယ်ကောင်းတဲ့ တောကျောင်းလေးမှာ သူဟာ သူ့ဘဝကို အကြီးအကျယ် စိတ်ပျက်နေခဲ့ပါတယ်။ နောက်ဆုံးမှာ တောရွာလေးက ‘ဖိုင်’ လို့ခေါ်တဲ့ မိန်းကလေးနဲ့ သူငယ်ချင်းဖြစ်ရာကနေ အဆင့်တက်လာခဲ့ပါတယ်။ သူ့ရဲ့ ဝိနည်းနဲ့မညီ လက်ခံစရာမကောင်းတဲ့ အပြုအမူတွေကြောင့် ကြောက်မက်ထိန့်လန့်ဖွယ်ရာ အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတာတွေကို ရိုက်ကူးပြသထားတဲ့ ထိတ်လန့်စရာ ဇာတ်ကားအမျိုးအစားထဲမှာ ပါဝင်ပါတယ်။
 
ဒီရုပ်ရှင်ဇာတ်ကားနမူနာကို ပြသခဲ့စဉ်က ဘုန်းကြီးတစ်ပါးအနေနဲ့ မိန်းကလေးရဲ့ ပါးပြင်ကိုထိတာ၊ မိန်းကလေးက ဘုန်းကြီးရဲ့ ကျောင်းဆောင်ထဲ လိုက်သွားတာ စတဲ့ အခန်းတွေကြောင့် ယာဉ်ကျေးမှုဝန်ကြီးဌါနက ဇာတ်ကားကို ပိတ်ပင်ခဲ့ပါတယ်။ ဒီဇာတ်ကားအပေါ်မှာ အခြားရှုထောင့်က ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဟာ ဒီလိုအပြုမှုဆိုးတွေကို လုပ်မယ်ဆိုရင် လူတွေဟာ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုတွေ လျော့လာစေတယ်ဆိုတာကို ရည်ညွန်းတာလည်း ဖြစ်နိုင်ပါတယ်။
 
ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေက အငြင်းပွားစရာဖြစ်စေမယ့် ဇာတ်ဝင်ခန်းတွေကို ပြန်လည်တည်းဖြတ်ခဲ့ပြီး ဇာတ်ကားရဲ့ အမည်ကိုလည်း “Arbat” ကနေ “Apatti” လို့ ပြောင်းခဲ့ပါတယ်။ အခန်းတွေ ဖြတ်ထုတ်လိုက်လို့ သုံးမိနစ်စာလောက် တိုသွားတဲ့ “Apatti” ဇာတ်ကားဟာ ဘတ်သန်း ၅၀ကျော် ရရှိပြီး အောင်မြင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။
 
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ ရုံတင်ခဲ့တဲ့ “Apatti” က အော်စကာက သတ်မှတ်ထားတဲ့ စည်းကမ်း ၂၀၁၅ အောက်တိုဘာ ၁ ရက် ကနေ ၂၀၁၆ စက်တင်ဘာ ၃၀ ထိ သတ်မှတ်ချက်တွင်း ဝင်ခဲ့တာကြောင့် အော်စကာဆု ဝင်ရောက် အရွေးခံမှာဖြစ်ပါတယ်။ 
ထိုင်းရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင် အော်စကာဆု အဖြစ် ဇကာတင်စာရင်းဝင်ခဲ့ ပထမဦးဆုံးသော ဇာတ်ကားလဲ ဖြစ်ပါတယ်။

20 Sep 2016     1,562 Views




RELATED

Most Popular of International News

Most Popular of NEWS