သီလဝါအထူးစီးပွားရေဇုန်တွင် စင်ကာပူကုမ္ပဏီ အရင်းနှီးအများဆုံးမြုတ်နှံ
19 Sep 2016 1,411 Views

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၉ ခု လာရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြောင်း နိုင်ငံပိုင်သတင်းတွင် စက်တင်ဘာ ၁၈ ရက်တွင် ဖော်ပြပါရှိခဲ့သည်။
ရင်းနှီးမြုတ်နှံလုပ်ကိုင်မှု ပမာဏသည် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၈၃၈ ဒဿမ ၃ သန်းထိ ရှိနေပြီး စင်ကာပူကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၇၂ ဒဿမ ၁၄၇ ဒေါ်လာနဲ့ အများဆုံး ရင်းနှီးမြုတ်နှံသူဖြစ်ကြောင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌါနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး အထူးစီးပွားရေးဇုန် တစ်ခုဖြစ်သည့် သီလဝါဇုန်သည် မြေအကျယ် ၂၄၀၀ ဟတ်တာရှိပြီး ၂၀၁၅ အောက်တိုဘာ ၂၃ ရက်နေ့တွင် မြန်မာ-ဂျပန် ပူးပေါင်း၍ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ဇုန် ၁၊ ဇုန် ၂ ခွဲခြားထားပြီး အားလုံးပြီးစီးသွားခဲ့ပါက ကုမ္ပဏီပေါင်း ၁၅၀ ကျော်ပါဝင်လုပ်ကိုင်နိုင်ပြီး အလုပ်အကိုင် အခွင့်လမ်းပေါင်း ၄၀၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု သိရှိရပါတယ်။
သီလဝါအထူးစီးပွားရေးဇုန် ကဲ့သို့ အခြားအထူးစီးပွားရေးဇုန်နှစ်ရပ်ဖြစ်သော ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်များကိုလည်း တည်ဆောက်လျက်ရှိသည်။
ကိုးကား-မဇ္ဈိမ