လူသားချင်းစာနာမှု ဆုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ချီးမြှင့်ခံရ
19 Sep 2016 1,393 Views

၂၀၁၆ ခုနှစ် ဟားဗတ်တက္ကသိုလ် က ချီးမြှင့်တဲ့ လူသားချင်းစာနာမှုဆုကို စနေနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းဆုကြည် က ဟားဗတ်တက္ကသိုလ် သိပ္ပံဆောင်ခန်းမထဲ၌ ဆုလက်ခံရယူခဲ့ပြီး အဆိုပါဆုနှင့် ပက်သက်၍ အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒီဆုကို ကျွန်မလုပ်ဆောင် ထားပြီးတဲ့အရာအတွက်ရတဲ့ ဆု လာဘ်တစ်ခုအဖြစ် ကျွန်မမမှတ် ယူဘဲ အနာဂတ်မှာရရှိအောင်မြင် ဖို့ ကျွန်မတို့ကြိုးပမ်းနေတဲ့အရာ အတွက် ရှေ့ဖြစ်ဟောသင်္ကေတ တစ်ခုအဖြစ် ကျွန်မမှတ်ယူပါတယ်၊ ကျွန် မရဲ့နိုင်ငံမှာဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ လွတ်လပ်ပြီး လုံခြုံကြပါတယ်လို့ ကျွန်မ မပြော နိုင်ခင်မှာ လုပ်စရာတွေအများကြီး ရှိနေတုန်းပါပဲ
ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းဆုကြည် ဆုလက်ခံရယူနေစဉ် အဆောက်အဦ ပြင်ပ၌ မွတ်ဆလင် ကျောင်းသားလူငယ်အချို့ ဆန္ဒပြခဲ့ကြပြီး ‘ရိုဟင်ဂျာတွေဘက်က ရပ်တည်ပါ’ ဟူသော စာတန်းကို ကိုင်ဆောင်ထားခဲ့ကြသည်။

ဟားဗတ်ဖောင်ဒေးရှင်းက ဆန္ဒပြသူများနှင့် ပက်သက်ပြီး အောက်ပါအတိုင်း ကြေငြာချက်တစ်စောင် ရေသားဖော်ပြခဲ့သည်။
‘ဟားဗတ် မွတ်စလင် ကျောင်းသားတွေနဲ့ မဟာဌာန အပါအဝင် တိုင်းရင်းလူမျိုး ယဉ် ကျေးမှု နောက်ခံပေါင်းစုံက လာ ကြတဲ့ ဟားဗတ်ကျောင်းသားတွေ နဲ့ မဟာဌာနကနေပြီးတော့ အ ကြီးအကျယ်လေးစားရသူဖြစ်တဲ့ ဒီဟားဗတ်ဖောင်ဒေးရှင်း ဧည့် သည်တော်ကို အခုလို ဆန္ဒပြမှု ဟာ ကျွန်တော်တို့ရဲ့ မြန်မာ ကျောင်းသားတွေကို ထိခိုက်စေ ပြီးတော့ မသင့်တော်၊ မမှန်ကန် ပါဘူး’
ကိုးကား: 7Day Daily