ပြောင်းပြန် ပြန်ဖြစ်သွားတဲ့ တပ်ကုန်း - ပင်လောင်း လမ်းမပေါ်က လူသတ်မှု
16 Sep 2016 1,431 Views

စက်တင်ဘာလ ၁၄ ရက်နေ့တွင် တပ်ကုန်း - ပင်လောင်း လမ်းမပေါ်၌ ဟွန်ဒါစီဗစ်အမျိုးအစား ကားတစ်စီးပေါ်တွင် ဓါးဒဏ်ရာများနှင့် အမျိုးတစ်ဦး(ဗှိုလ်မှုး)အလောင်းကို တွေ့ရှိခဲ့ရာ ကနဦးတွင် အဆိုပါအမျိုးသား၏ ဇနီးဖြစ်သူက သတ်ဖြတ်ခဲ့သည်ဟု အမှုဖွင့်တိုင်ကြားခဲ့သည်ဟု သတင်းများ ထွက်ပ်ါခဲ့ပြီး သိပ်မကြာမီတွင် ဇနီးဖြစ်သူ၏ အလောင်းကိုပါ ကားရပ်ထားခဲ့ရာ နေရာနှင့် ၃ မိုင်ခန့် အကွာတွင် တွေ့ရှိရသဖြင့် အမှုမှာ အနည်းငယ် ရှုပ်ထွေးစေခဲ့ပါသည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက် သတင်းများအရ ကားပေါ်တွင် သေဆုံးနေသော အင်ဂျင်နီယာတပ်မှ ဗိုလ်မှုးဖြစ်သူက ဇနီးသည် ဒေါက်တာခင်စန္ဒီကျော် နှင့် အခြေအတင်စကားများရန်ဖြစ်ပြီး ဓါးဖြင့်ထိုးကာ သူကိုယ်တိုင် အလောင်းကို ချောက်အတွင်း စွန့်ပစ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ကားပေါ်တွင် အဆုံးစီရင်ခဲ့သည်ဟု မျက်မြင်သက်သေ ဖြစ်ခဲ့သူ၊ သူတို့၏ ၄ နှစ်အရွယ် သမီးငယ် ပြောကြားခဲ့ကြောင်း အဆိုပါမြို့နယ်အပိုင် ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
"ကားပေါ်မှာ ကျန်ခဲတဲ့ လေးနှစ် သမီးငယ် ပန်းမြတ်ဟေသီက သူ့အဖေနဲ့ အမေ အခင်းဖြစ်တဲ့နေရာ ကားရပ်ပြီး လူမှုရေးကိစ္စနဲ့ စကားများ ရန်ဖြစ်ရင်း အသင့်ပါလာတဲ့ ဓားနဲ့ ဇနီးလည်ပင်းနဲ့ ခန္ဓာကိုယ်တွေ ထိုးခဲ့တယ်၊ သူကိုယ်တိုင်ပဲ ဇနီးအလောင်းကို တွေ့ရှိခဲ့တဲ့ ချောက်ထဲကို သွားရောက် စွန့်ပစ်ခဲ့တယ်၊ ပြီးမှ ကားရှိတဲ့နေရာ ပြန်လာပြီး ကားပေါ်မှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ ဒီကလေးဆီက သိရတယ်ဟု" တပ်ကုန်း မြို့မ ရဲစခန်းမှ ဒုရဲမှူးသန်းဝင်းက ပြောကြားသည်။
အဆိုပါအမှုကို နေပြည်တော်တိုင်း ရဲတပ်ဖွဲ့က ကိုင်တွယ်စစ်ဆေးနေပြီး သေဆုံးခဲ့သော အသက် ၃၄နှစ် အရွယ်ရှိ ဒေါက်တာခင်စန္ဒီကျော်၏ ရုပ်အလောင်းကို နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆံ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ကာ စစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း၊ ဓားဒဏ်ရာ အသီးသီးရရှိကာ သေဆုံးခဲ့သော ဇနီး မောင်နှံနှစ်ဦး၏ နှစ်ဖက်မိသားစုတို့မှ တပ်ကုန်းမြို့မ ရဲစခန်းတွင် (ပ) ၁၈၈/၂၁၀၆ နှင့် (ပ)၁၈၉/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့ဖြင့် နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Source: TheVoice
အမှုနှင့်ပက်သက်သော ဆက်စပ်သတင်းများ -