မျက်နှာကို ခွဲစိပ်ထားတာ မဟုတ်ပဲ Filler ထိုးထားပါတယ်လို့ ပြောလာတဲ့ ရတနာမိုင်
15 Sep 2016 1,605 Views
တိုင်းရင်းသူ အဆိုတော် ရတနာမိုင်ဟာ အဆိုဘက်မှာ တင်မက သရုပ်ဆောင် ဘက်ကိုလဲ စိတ်ဝင်စားသူ တစ်ယောက်ဖြစ်ပါတယ်။ လက်တလော ၄ခွေမြောက် တစ်ကိုယ်တော်အခွေအတွက် အသံသွင်းနေ CD အရင် စဖြန်နိုင်အောင်ကြိုစားနေပါတယ် ။ လူပြောများနေတဲ့ မိုင်လေးမျက်နှာနဲ့ ပတ်သတ်ပြီး မျက်နှာကို ခွဲစိတ်ထားတာ မဟုတ်ပဲ Botos 6လခံ ထိုးထားပြီးမေးစေ့ကိုတော့ 9 လခံ Filler ထိုးထားပါတယ်လို့ ပြောလာပါတယ် ။ဆေးစထိုးပြီးတဲ့အချိန်မှာ နာကျင်ပေမယ့် Vshape တွေ ခေတ်စားနေအုံးမယ်ဆိုရင်တော့ ခွဲစိတ်ဖို့စိတ်ကူးရှိပါတယ်လို့ပြောထားပါတယ် ။ တချို့ပရိတ်သတ်တွေကတော့ မိုင်လေး VShape ကိုသဘောမကျကြပေမယ့် မိုင်လေးကတော့ နဂိုရုပ်ထက် Vshape လေးကို ပိုကြိုက်ပါပြီး မှန်ကြည့်တဲ့အခါ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာမှုဖြစ်စေပါတယ်လို့ ပြောထားပါတယ်။
Credit:Health digest