တပ်ကုန်း-ပင်လောင်း လမ်းအကြီးပေါ်တွင် အသတ်ခံခဲ့ရသည့် ဗိုလ်မှူး၏ ဇနီးသည်အလောင်းအား ထပ်မံတွေ့ရှိ
15 Sep 2016 1,510 Views

တပ်ကုန်း-ပင်လောင်းလမ်းတွင် ဗိုလ်မှူးတစ်ဦးအား ဇနီးဖြစ်သူက ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား ဆိုသည့် သတင်းတွင် ပျောက်ဆုံးနေသော ဗိုလ်မှူး၏ ဇနီးသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တပ်ကုန်းမြို့အနီး ကားလမ်းမဘေး ၆ ပေခန့်အကွာတွင် ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါသည်။ အဆိုပါအမျိုးသမီးအလောင်း တွေ့ရှိရာနေရာနှင့် ကားရပ်ထားခဲ့ရာ နေရာက ၃ မိုင်ခန့် ကွာဝေးတယ်လို့ သိရှိရပါတယ်။