ကမ္ဘာအကြီးဆုံး ဇိမ်ခံသင်္ဘောကြီးပေါ်မှ သင်္ဘောသား ၅ ဦး ပြုတ်ကျ
14 Sep 2016 1,532 Views

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘော “မာဆယ်လီး” ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ် သက်ကယ်လှေ ပြုတ်ကျမှုကြောင့် သင်္ဘောသား ၁ ဦး သေဆုံးပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘော “Harmony of the Sea” တွင် အသက်ကယ် လေ့ကျင့်မှုများပြုလုပ်စဉ် သင်္ဘောသား ၅ ဦး လိုက်ပါသော သက်ကယ်လှေ ၅ထပ်မြောက်နေရာ ပေ ၃၀ အကွာကနေ ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ပါတယ်။
အသက် ၄၂ နှစ်အရွယ် ဖီလစ်ပိုင် သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူ ၄ ဦးတွင်၊ ၃ ဦးမှာ ဖီလစ်ပိုင်လူမျိုးဖြစ်ပြီး ကျန်တစ်ဦးမှာ အိန္ဒိယလူမျိုး တစ်ဦးဖြစ်သည်။ ဒဏ်ရာရသူများထဲမှ ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိပြီး နောက်ထပ် ၂ ဦး မှာလည်း များပြားတဲ့ဒဏ်ရာတွေကို ကုသခံနေဆဲဖြစ်တယ်လို့ “မာဆယ်လီ” ရဲ့ ဒုတိယမြို့တော်ဝန် “ဂျူလီယန်ရပ်စ်” က ဖော်ပြခဲ့ပါတယ်။
သင်္ဘောကြီးမှာ တွဲချည်ထားတဲ့ ကြိုးဟာ ဘာကြောင့် ပြုတ်ကျခဲ့ရသလဲ ဆိုတာကို ပြင်သစ်ရဲအဖွဲ့က စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။
ဖလောရီဒါ အခြေစိုက် “Harmony of the Seas” သင်္ဘောကြီးဟာ တန်ချိန် ၁ သိန်း ၂ သောင်း လေးလံပါတယ်။ အီဖယ်မျှော်စင် အမြင့်ထက် ပိုရှည်လျားပြီး၊ ကမ္ဘာကျော် Titanic သင်္ဘောထက် ၅ ဆလောက် ရှိတဲ့ "Harmony of the Seas" မှာ အထပ် ၁၆ ထပ်ပါရှိပြီး ခရီးသည် ၆၄၀၀ နဲ့ သင်္ဘောဝန်ထမ်း ၂၄၀၀ ကို တင်ဆောင်နိုင်ပါတယ်။
"Harmony of the Seas သင်္ဘောဝန်ထမ်းများ မာဆယ်လီးဆိပ်ကမ်းမှာ အသက်ကယ် လေ့ကျင့်မှုပြုလုပ်စဉ် ယခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေခဲ့တဲ့အတွက် မိသားစုများနဲ့ထပ်တူ ဝန်းနည်းကြေကွဲမိကြောင်း" Royal Caribbean သင်္ဘောကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
@Popolay