အွန်လိုင်းကနေ လိမ်လည်လှည့်ဖျား ရောင်းစားခံရတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ရဲ့ ရင်နင့်စရာအဖြစ်ဆိုး
14 Sep 2016 1,620 Views

ဆိုရှယ်နက်ဝါ့ခ်ကို အသုံးချပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို ရန်ကုန်မြို့လည်ခေါင်မှာပဲ ရောင်းစားသွားတဲ့ ရင့်နင့်စရာအဖြစ်အပျက်ကို အများပြည်သူ သတိထားရှောင်ရှားနိုင်စေဖို့ ကိုယ်တိုင်ပါဝင် ကူညီဆောင်ရွက်ခဲ့သူတစ်ဦးရဲ့ Facebook ကနေ ပြန်လည်၍ ဖော်ပြပေးလိုက်ပါတယ်။
ကလေးမလေး အသက် က ( ၁၅ ) နှစ် ( ၉ ) တန်းကျောင်းသူလေး- မိဘတွေ ခဗျာ ချစ်ရှာလို့ အိမ်ကနေ ကျောင်း၊ ကျောင်းကနေ အိမ်မျက်စိအောက်က အပျောက်မခံခဲ့ဘူး။ လမ်းဘေးထမင်းဆိုင်ဖွင့် ဈေးရောင်းနေပေမယ့် သမီးငယ်ကို အိမ်မှာဘဲ မိုးလေမထိ ယုယုယယ ဂရုတစိုက်ချစ်ခဲ့ပါ တယ် ကလေးမလေးက စာကျက်ရင်း အွန်လိုင်းသုံးရင်းနဲ့ Bee talk မှာ အမှတ်မထင် လူယုတ်မာ တစ်ယောက်နဲ့ရည်းစားဖြစ်တယ်။
နာမည်က သန်းကိုကိုမောင် - အရပ်က ၅ ပေ ၈ ဝန်းကျင်၊ သူ့ကိုယ်သူ အသက် ( ၂၀ )လို့ ပြောတယ်၊ ( အသက် ၂၀ တော့မဖြစ်နိုင်ပါ ) အဲ့လိုနဲ့ တစ်လလောက်အကြာမှာ လူချင်းတွေ့ဖို့လှည်းတန်း စင်တာရှေ့မှာ ချိန်းကြတယ်။ ကလေးမလေးက အိမ်နေရင်း အဝတ်အစား၊ လက်ထဲမှာလဲ ပိုက်ဆံ တစ်ထောင်ပဲပါတယ်၊ အိမ်ကနေ ခဏ ထွက်လာခဲ့တာ :
၅-၉-၂၀၁၆
နေ့လည် ( ၁၂ ) ဝန်းကျင် လှည်းတန်းစင်တာရှေ့ တွေ့ကြတော့ သန်းကိုကိုမောင်က ကလေးမလေးကို sunkist ဗူး တိုက်ပါတယ်။ မသောက်ချင်ဘူးငြင်းပေမယ့် အတင်းသောက်ခိုင်းလို့ ထက်ဝက်လောက် သောက်အပြီးမှာ ကလေးမလေး ဘာမှ မသိတော့ဘူး။ သူ သတိရလာတော့ Taxi ကားထဲ ရောက်နေပြီ။ အိမ်တစ်အိမ်မှာ ကားရပ်တယ်၊ အိမ်ထဲမှာ သတိရသလောက်က ကိုကိုမောင် အမေက ကြည့်နေတယ်၊ အစ်မ ဖြစ်သူက ကြက်ဥကြော်နဲ့ ထမင်းကျွေးဖို့ပြင်ဆင်နေတယ်။
အဲဒီည နိုးတဝက် အိပ်တဝက်၊ သတိရလိုက် မရလိုက်နဲ့၊ မနက်မိုးလင်းတော့ လိမ္မော်ရည် ထပ်တိုက်ပါတယ်။ ကလေးငယ်လေးက သူ့ကိုရောင်းစားတော့မှာကို သတိမရနိုင်လောက်တဲ့ထိ ဆေးရှိန်မှာ မျောလွင့်နေပါပြီ။
၆-၉-၂၀၁၆
Taxi ကား ဟိုတယ်ရှေ့ တခုမှာ ရပ်လိုက်တာတော့ သိလိုက်တယ်။ မနက် ( ၁၀ ) နာရီဝန်းကျင်၊ သူဟာ နိုးနေလား အိပ်နေလားသူ့ဘာသာ ပြန်မစဉ်းစားနိုင်ဘူး၊ သူ ကြိုးစားအားယူထတဲ့ အချိန် အခန်းထဲကို လူတစ်ယောက် ဝင်လာတယ်၊ အသားမည်း အရပ်ပု၊ ဆံပင်ဆေးဆိုး ( အနီရောင် )၊ဆံပင်စည်းထားပြီး လက်မှာ ကားသော့ ကိုင်ထားတယ်။
ကလေးငယ်လေး ကြိုးစားထပေမယ့် မရဘူး။ ကြိုးစားရုန်းကန်တယ် မရဘူး၊ ဘီလူးစိတ်ထက် ဆိုးရွားကြမ်းတမ်းတဲ့ ကာမဘီလူးဟာ ကလေးငယ်ကို လုပ်သင့်လား၊ မလုပ်သင့်လား သနားညှာတာမှု မရှိ၊ ကိုယ်သားသမီးအရွယ် နှမအရွယ်လေးကို ရက်ရက်စက်စက် နင်းချေတော့တယ်။
အမေ တ ချိန်မရ၊ အဖေလို့အော် ခေါ်ချိန် မရ၊ တခါမှ မရောက်ဘူးတဲ့ ဟိုတယ်က အမှောင်ခန်းထဲ ငရဲပွက်သလို...
(သန်းကိုကိုမောင်က ပါကင်ကြေး ၃ သိန်းကနေ ၅ သိန်းဝန်းကျင် နဲ့ ရောင်းစားထားတာ ကလေးမလေး မသိ၊ အသိက ထပြေးဖို့ နှိုးဆော်ပေမယ့် ခန္ဓာကိုယ်တခုလုံး ထလို့မရ )
ကာမဘီလူး ထွက်သွားလို့တအောင့်အကြာ ကိုကိုမောင် ပြန်ဝင်လာတယ်၊ ဘာဆိုဘာမှ မပြောဘဲ သားမယားအဖြစ် ( ၃ ) ကြိမ်ဆက်တိုက် ပြုကျင့်တယ်၊ ည ရောက်တော့ ( ၂ ) ကြိမ်။
၇-၉-၂၀၁၆
မနက်မှာလဲ လိမ္မော်ရည်တွေ ထပ်တိုက်ပါတယ်။ နေ့ည သားမယားအဖြစ် ထပ်မံပြုကျင့်ပြန်တယ်၊ ကလေးငယ်ကို ဘာမှ မကျွေးပါဘူး၊ ရေလဲ မချိုးရ၊ ရေလဲ မသောက်ရ လိမ္မော်ရည် တမျိုးတည်းကိုသာ နေ့ည အဆက် မပြတ်တိုက်ပါတယ်။
ကလေးမလေးကို ရောင်းစားတဲ့ အပြင် ကလေးမလေး အိမ်ကိုပါ ငွေ ပို့ပေးဖို့ လှမ်းတောင်းပါတယ်။ အဲ့လိုကနေ ကလေးမလေး ရဲ့ မိဘတွေကလဲ ပရဟိတအဖွဲ့တွေ၊ ရဲတပ် ဖွဲ့တွေနဲ့ငွေတောင်း ခံတဲ့ နေရာကတဆင့် အပူတပြင်း လိုက်လံရှာဖွေရှာမှာ...
၈-၉-၂၀၁၆
မနက် ( ၃ ) နာရီ၊ မ/ဒဂုံ က ဟိုတယ် တခုအတွင်းမှာ လူယုတ်မာ ကိုကိုမောင်နဲ့အတူ ကလေးငယ်ကို အမိဖမ်းနိုင်ခဲ့ပါတယ်။
ဟိုတယ်အတွင်း ဝင်ရောက်ဖမ်းဆီးချိန်မှာ ကလေးငယ်လေးက ဆေးရှိန်နဲ့အသိကင်းမဲ့ နေပါပြီ။ ရဲတွေ့လို့ဝမ်းမသာ၊ အဖေအမေတွေ့တာတောင် ဘာခံစားချက်မှ မရှိ၊ အားပြတ် အဆံချောင်နေတဲ့ မျက်လုံးတွေနဲ့သာ ငြိမ်သက်နေတော့တယ်။

ဒါဟာ ကျွန်တော်တို့ကြားကြားနေရတဲ့ ရေဆူဆေးပြားလို အရာမျိုးလား..? ဒီထက် အားကောင်းတဲ့ ဆေးတွေလား..? တဖက်နိုင်ငံနဲ့ နယ်စပ်တွေမှာသာ ကြားဖူးတဲ့ အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်ထိ ရောက်ရှိလာပြီလား..?
တွေးစရာ မေးခွန်းတွေဟာ တသီတတန်းကြီး ထွက်ပေါ်လာတော့တယ်။
ကလေးငယ်ကို ဖျက်စီးခဲ့တဲ့ သန်းကိုကိုမောင်ကလဲ ဒီအဖြစ်ဟာ ပထမဆုံး အကြိမ်မဟုတ်၊ သူ့နဲ့ သူ့မိသားစု ပူးပေါင်းကြံစည် လုပ်စားနေတဲ့ အသက်မွေးဝမ်းကြောင်း တခုလဲ ဖြစ်နေဟန်ရှိတယ်။
(ရပ်ကွက်လူကြီးတစ်ယောက် ပြောတာကတော့ သန်းကိုကိုမောင်ဟာ အရင်ကတည်းက ခုလို နာမည် ထွက်နေပေမယ့် လာတိုင်တဲ့သူ မရှိလို့သက်သေမရှိလို့ သူကံကောင်းနေတာလို့ပြောပါတယ်။ တခြားသော ကလေးမိဘတွေလဲ မရှက်မကြောက်ဘဲ သူ့ကို တိုင်ကြားဖို့ လိုတယ်လို့လဲ ပြောပါတယ်)

အခုတော့ တရားခံကို စစ်ဆေးနေပြီး ကလေးငယ်ကလဲ မိဘရင်ခွင်ကို ရောက်ရှိခဲ့ပါပြီ- နောက်ဆက်တွဲ အကြောင်းအရာများကို တခြားကလေးမိဘများ သိရှိနိုင်အောင် ဆက်လက် ဖော်ပြပေးပါ့မယ်။
မိဘတိုင်း ဒီလို ဖြစ်အင်တွေကို သတိပြုပြီး ကိုယ့်ရင်သွေးတွေကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေဗျာ-
ဖိုးဇော်
09795405022