အင်္ဂလိပ်အက္ခရာနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်း မရှိသည့် မော်တော်ယာဉ်များ အရေးယူတော့မည်
14 Sep 2016 1,386 Views

ရန်ကုန်မြို့တွင်း မောင်းနှင်သွားလာလျှက်ရှိသော မော်တော်ယာဉ်များ၏ နံပါတ်များကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အင်္ဂလိပ်အက္ခရာ နံပါတ်များအဖြစ် ပြောင်းလဲရမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌါနမှ ထုတ်ပြန်ကြေငြာထားကြောင်း သတင်းရရှိသည်။ မော်တော်ယာဉ်နံပါတ်များ မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲပေးခြင်းများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်က စတင်ပြောင်းလဲပေးခဲ့သော်လည်း ပြောင်းလဲရန် ကျန်ရှိနေသေးသော မော်တော်ယာဉ်များ ရှိနေသေးသည့်အတွက် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး ပြောင်းလဲကြရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
သတ်မှတ်ရက် ကျော်လွန်သည်အထိ အင်္ဂလိပ်အက္ခရာနံပါတ်ပြား မပြောင်းလဲသည့် မော်တော်ယာဉ်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးသိန်းဌေးက အောက်ပါအတိုင်း ပြောကြားသည်။
“ကားနံပါတ်ပြားမှာ အင်္ဂလိပ်အက္ခရာပြောင်းမထားတဲ့ ကားတွေကို ယာဉ်ထိန်းရဲတွေကိုဖမ်း ဆီးအရေးယူခိုင်းထားတယ်။ ဖမ်းပြီးရင် ကညနရုံးကို လွှတ်ပေးပါလို့ ပြောရတာပေါ့။ မပြောင်းရသေးတဲ့ ကားလမ်းမှာတွေ့လို့ ကားနံပါတ်ကိုမှတ်ထားပြီး ကွန်ပျူတာနဲ့ပြန်ရှာပြီး ပိုင်ရှင်ကို နံပါတ်ပြားပြောင်းဖို့အ ကြောင်းကြားပါတယ်"
လပ်ရှိတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေ ၇၆၃၃၈၆ စီးရှိနေပြီး၊ အင်္ဂလိပ်အက္ခရာသို့ ပြောင်းပြီးသည့် ယာဉ်အရေတွက်မှာ ၉၃ ရာခိုင်နှုန်းထိသာရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော် ရုံးချုပ်မှသိရှိရသည်။
''သတ်မှတ်ရက်အတွင်းမှာ ပြောင်းလဲခြင်းမရှိဘူးဆိုရင် အရေးယူသွားမှာပါ''ဟု ဦးသိန်းဌေးက ထပ်မံပြောကြားသည်။
Photo: သရုပ်ဖော်ရုံမျှသာ