BEC-TERO TV

ဖွေးဖွေးကို အရေးယူ ပေးရန် စင်ရော်မာင်မောင်လျှောက်ထား

12 Sep 2016     1,473 Views


သရုပ်ဆောင် ဖွေးဖွေးကို စင်ရော်ကြော်ငြာလုပ်ငန်းက (12-9-2016) ရက်နေ့တွင် Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရေးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် သရုပ်ဆောင် ဖွေးဖွေးက အနုပညာကြေး ကျပ် (45) သိန်းဖြင့် သဘောတူခဲ့ပါသည်။ ၀တ်ဆင်ရမည့် ၀တ်စုံနှင့်ပတ်သက်၍လည်း အားလုံး ဆက်သွယ်ပြီးစီးထားပြီးဖြစ်ပါသည်။

နံနက် (8)နာရီဆိုင်ဖွင့်ပွဲသို့ Miniso ဆိုင်ပိုင်ရှင်နှင့်တကွ ဖိတ်ကြားထားသော နိုင်ငံခြားသားများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂွိုလ်များ ဖွင့်ပွဲဖွင့်လှစ်ရန်အတွက် ရောက်ရှိနေပြီဖြစ်သော်လည်း သရုပ်ဆောင်ဖွေးဖွေးမှ “ ကျွန်မ အခုမှ အိပ်ယာမှနိုးကြောင်း ၊ ၁၀နာရီ ၁၀နာရီခွဲ ခန့်မှ ရောက်မည်ဖြစ်ကြောင်း” အကြောင်းကြားလာသဖြင့် ဖွင့်ပွဲအခမ်းအနားအား အချိန်နောက်ဆုတ်ပေးခဲ့ပါသည်။

နံနက် (10)နာရီခွဲတိုင်အောင် ရောက်ရှိလာခြင်းမရှိသဖြင့် ဒါရိုက်တာ၊ ကင်မရာမင်း သုံးပေါင်၊ still ကင်မရာ ကိုနိုင်တို့မှ စောင့်ဆိုင်းလျှက် ရှိနေပါသည်။ ထိုအချိန်တွင် စတေကင်မရာ ကိုနိုင်အား ဖွေးဖွေးမှ ယခုကြော်ငြာအား မရိုက်ဖြစ်တော့ကြောင်း အကြောင်းကြားလာပါသည်။ ဖွေးဖွေး၏ ဖုန်းများအား ဆက်သွယ်သော်လည်း ဒုတိယအလုံးသာ စက်ဖွင့်ထားပြီး ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး ။

ကြော်ငြာရိုက်ကူးရန်အတွက် Red ကင်မရာငှားခ lighting မီးးငှားခ ကင်မရာမင်းငှားခ ၊ စက်အဖွဲ့အင်အား (20) အား ငှားရမ်းခ ၊ ရှုတင်ကားငှားရမ်းခ ၊ ကျွေးမွေးစရိတ် စသဖြင့် ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ရပါသည်။ နံနက် (၇)နာရီကတည်းကပင် ဒါရိုက်တာအပါအ၀င် အားလုံး ရောက်ရှိနေရာယူထားခဲ့ပါသည်။ သရုပ်ဆောင်ဖွေးဖွေး မရောက်ရှိလာသော ကြောင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါတယ် ။

ညနေ ၂နာရီခွဲ တိတိတွင် ဖဲကြိုးဖြတ်ရန် ဗန်းကိုင်ဖို့ ရောက်ရှိလာသည့် သရုပ်ဆောင် ၀ါဆိုမိုးဦး၊ သန္တာဗို တို့အား အကူအညီတောင်း၍ ကြော်ငြာအား ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း စင်ရော်ကြော်ငြာလုပ်ငန်းက ကြော်ငြာ ထားပြီး ရုပ်ရှင်အစည်းအရုံးကို လည်း အရေးယူပေးရန်လျှောက်ထားပါတယ်လို့ သိရပါတယ်။

Credit:Zinyawmgmg fb


12 Sep 2016     1,473 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment