BEC-TERO TV

ခရီးသည်တင် ခရုစ်သင်္ဘောတစ်စင်း စက်ပျက်ပြီး မြစ်ကမ်းနံရံကို ဝင်တိုက်

12 Sep 2016     1,367 Views


သိမ်းမြစ်ထဲမှာ သွားနေတဲ့ ခရီးသည်တင် သင်္ဘောငယ်တစ်စင်း အင်ဂျင်ခန်းမီးလောင်ခဲ့ပြီး မြစ်ကမ်းပါးနံရံကို ဝင်တိုက်မိ မတော်တဆမှုတစ်ခု စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၃:၄၀ ခန့်မှာ ဗြိတိန်နိုင်ငံတွင် ဖြစ်ပွားခဲ့ပါတယ်။
 
သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၄၂ ဦး နဲ့ ဝန်ထမ်း ၆ ဦးစလုံးကို လှေနှစ်စင်းနဲ့ ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သတင်းရရှိခဲ့ပါတယ်။ အဆိုပါအဖြစ်ပျက်ကို အစဆုံး မြင်တွေ့ပြီး မှတ်တမ်းတင်ထားခဲ့သူ ‘ဒန်ဟိုန်း’ က “သင်္ဘောပေါ်ကနေ မီးခိုးတွေ အူထွက်နေတာကို ကမ်းပေါ်ကနေ လှမ်းမြင်လိုက်ရတယ်၊ အဲ့နောက်တော့ သင်္ဘောက နံရံကို ခပ်ပြင်းပြင်းဝင်ဆောင့်ပြီး သင်္ဘောပေါ်ကနေ ကြောက်လန့်တကြား အော်ဟစ်သံတွေ ထွက်လာတော့တာပါပဲ၊ အချက်ပေးသံစနစ်တွေ ပိတ်သွားပြီး မီးခိုးလုံးမဲမဲတွေ အဲ့နေရာမှာ အူတောပဲ” လို့ ဆိုပါတယ်။
 
သင်္ဘောရဲ့ အင်ဂျင်စက်နှစ်လုံးစလုံး ပျက်သွားလို့ အခုလိုဖြစ်ပျက်ခဲ့တာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူးလို့ လန်ဒန်ဆိပ်ကမ်းအာဏာပိုင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပါသည်။
 
@Popolay

12 Sep 2016     1,367 Views




RELATED

Most Popular of International News

Most Popular of NEWS