BEC-TERO TV

New York Fashion Week မှာ အက်ဆစ်ကြောင့် မျက်နှာပျက်ဆီးခဲ့သူ မိန်းကလေး ပွဲထုတ်ခံရ

10 Sep 2016     1,386 Views


ဒီတစ်ပတ် New York Fashion Week မှာ လာရောက်ပါဝင်ဖို့ ထူးထူးခြားခြား ဖိတ်ကြားခြင်းခံခဲ့ရသူကတော့ အိန္ဒိယနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် မျက်နှာတစ်ခြမ်း အက်ဆစ်လောင်ခံထားရသူ “ရက်ရှမာ” ဆိုတဲ့ မိန်းကလေးပဲဖြစ်ပါတယ်။ “ရက်ရှမာ” ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှ ဖြစ်ပြီး ၂၀၁၄ ခုနှစ်လောက်မှာ သူ့အစ်မဖြစ်သူနဲ့ အလာဟာဘတ်မြို့ကို ခရီးသွားစဉ် အစ်မရဲ့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ အပေါင်းအသင်းအချို့က အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ “ရက်ရှမာ” ဟာ သူ့ရဲ့ အစ်မကို ကာကွယ်ဖို့အတွက် အက်ဆစ်နဲ့ပက်သူကို ဝင်လုံးခဲ့ရမှ အက်ဆစ်အပက်ခံရပြီး မျက်နှာပျက်စီးခဲ့ပြီး မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ သေတွင်းက လွတ်မြောက်ခဲ့ရပေမယ့် တစ်နှစ်လောက် သူဟာ ကိုယ့်ကိုယ်သတ်သေချင်စိတ်တွေ ဖြစ်နေခဲ့ပါတယ်။ 
 
နောက်တစ်နှစ်လောက် အကြာမှာတော့ “ရက်ရှမာ” ဟာ အက်ဆစ်နဲ့တိုက်ခိုက်မှု ဆန့်ကျင်ရေး အဖွဲ့မှာ ဝင်ရောက်ပူးပေါင်းခဲ့ပါတယ်။ “Make Love Not Scars” ဆိုတဲ့ ပရဟိတအဖွဲ့လေးထဲမှာ သူမလိုပဲ တိုက်ခိုက်ခံရသူတွေကို အားပေးနှစ်သိမ့်ပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူမတ်လာအောင် ဆောင်ရွက်ပေးနေပါတယ်။
အင်တာနက် YouTube ဗီဒီယိုတွေကနေ တစ်ဆင့် နှုတ်ခမ်းနီဆိုးနည်း သင်ခန်းစာတွေကိုတင်ပြပေးရင်း ဗီဒီယိုထဲမှာ လူတစ်ယောက် အက်ဆစ်ဝယ်တာဟာ နှုတ်ခမ်းနီတစ်ထောင့် ဝယ်ရသလိုပဲ လွယ်ကူတဲ့အကောင်းကို ထည့်သွင်းပြောပြခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှုသူ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။
 
New York Fashion Week ကနေ သူ့ကို ဖိတ်တဲ့စာ ရရချင်းမှာ သူ့အနေနဲ့ အရမ်းစိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။ မျက်နှာအလှအပ ပျက်ဆီးသွားခဲ့ပေမယ့် အတွင်းစိတ်နှလုံးသာ အလှကို အသိမှတ်ပြုဖော်ကျူးဖို့ ဖိတ်ကြားခံရတဲ့ “ရက်ရှမာ” ရဲ့ ဝတ်စုံအတွက် ဘောလိဝုဒ်စတားတွေကို ချုပ်ပေးနေတဲ့ ဒီဇိုင်နာ အာချနာကိုချာ က ချုပ်လုပ်ပေးထားပါတယ်။ New York Fashion Week ပွဲမှာ “ရက်ရှမာ” က ပထမဦးဆုံး ပွဲထွက်လာရသူဖြစ်ပြီး တက်ရောက်လာတဲ့ ဖက်ရှင်အသိုင်းဝိုင်း နှင့် သတင်းထောက်အသိုင်းဝိုင်းမှ အထင်ကရပုဂ္ဂိုလ်များက ကောင်းချီးထောပနာ ပြုခဲ့ကြပါတယ်။
 
အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေဟာ အိန္ဒယနဲ့ အခြားတောင်အာရှ လူမှုအဖွဲ့အစည်းတွေမှာ မထူးဆန်းတော့နဲ့ အဖြစ်ပျက်တွေလို ရှိနေပါတယ်။ အမျိုးသမီးတွေကို တိုက်ခိုက်သူတွေဟာ သူတို့နဲ့ သိကျွမ်းဖူးတဲ့ လူတွေထဲကပဲ ဖြစ်နေပြီး အခုလိုတိုက်ခိုက်ခံရတယ်ဆိုတာ မိသားစုအပေါ် အရှက်ရစရာ အကြောင်းတစ်ခုခု လုပ်ထားလို့ဆိုပြီး ကျန်တဲ့အမျိုးတွေကပါ သတ်မှတ်ယုံကြည်ထားကြပါတယ်။
 
ယခုနှစ်ပိုင်းတွေမှာတော့ ဒီလိုတိုက်ခိုက်မှုမျိုးတွေကို ဆန့်ကျင်တဲ့ ပညာပေးကမ်ပိန်းတွေကို လုပ်လာကြပြီး အိန္ဒိယအစိုးရဘက်ကလည်း အက်ဆစ်ဖြန့်ဖြူးရောင်းခွင့်နဲ့ ပက်သက်တဲ့ စည်းမျည်းတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာကြပါတယ်။
 
Ref: The Independent

10 Sep 2016     1,386 Views




RELATED

Most Popular of International News

Most Popular of NEWS