BEC-TERO TV

စိုးပြည့်သဇင် V shape ဆေး လုံးဝမထိုးထားကြောင်း ပရိသတ်ကို ရှင်းလင်း

09 Sep 2016     1,613 Views


၂၀၁၆ စက်တင်လာလထုတ် People မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် အကယ်ဒမီစိုးပြည့်သဇင် တစ်ယောက် ထူးထူးခြားခြား အသွင်အပြင်တွေ ပြောင်းလဲနေမှုအပေါ် ပရိသတ်က အထူးစိတ်ဝင်စားလျှက်ရှိပါတယ်။ ကိုယ်ခန္ဓာအချိုးအစား သွယ်သွယ်လျလျနဲ့ မျက်နှာသွင်ပြင်က ပိန်ပိန်ပါးပါး V shape နဲ့ လှပနေတဲ့ စိုးပြည့်သဇင်ကို၊ V shape ဆေးများ ထိုးထားသလားလို့ မေးမြန်းလာကြတဲ့အပေါ် စိုးပြည့်သဇင်က သူ့ရဲ့ Fans page ကနေ ပြန်လည် ရှင်းပြထားပါတယ်။
 
 
စိုးပြည့်v shape လုံးဝလုံးဝ မထိုးထားပါရှင်၊ ထိုးလည်းမထိုးရဲပါဘူး ဘယ်လောက်ပဲ လှချင်လှချင် သဘာဝကိုလွန်ဆန်ပြီး ဘယ်အရာမှမလုပ်ပါဘူး။ စိုးပြည့်မျက်နှာကို စပေါ်ထဲကယခုအချိန်အထိ ဘယ်အစိတ်အပိုင်းကိုမှ မပြုပြင်ထားပါ၊ ပရိသတ်ကြီးလည်းပြင်ထားလား မပြင်ထားလားသိရအောင်ဓါတ်ပုံရိုက်နေတုန်းကမေမေဖုန်းနဲ့ရိုက်ပေးထားတဲ့originalပုံလေးများကိုဖော်ပြပေးလိုက်ပါတယ်ရှင်..
 
 
သူ့ရဲ့ Fans Page မှာ ဓါတ်ပုံရိုက်ကွင်းပေါ်က ဓါတ်ပုံအချို့ကို တင်ပေးထားခဲ့ပြီး၊ People မဂ္ဂဇင်းရဲ့ ဒီလထုတ် ခေါင်းစဉ် 'စိုးပြည့်သဇင်နှင့် အပြောင်းအလဲ' ဆိုတာနဲ့ လိုက်ဖက်အောင် အနုပညာရှင်အားလုံးက အစွမ်းထုတ် ကြိုးစားခဲ့ကြတဲ့အတွက် ဓါတ်ပုံထွက်တွေက ပရိသတ်တွေ တွေ့မြင်ခဲ့ကြရတဲ့အတိုင်း ထွက်လာခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
 
@Popolay
 
Photos: SoePyaeThazin FansPage

09 Sep 2016     1,613 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment