BEC-TERO TV

လမ်းအန္တရာယ်ကင်းရှင်းဖို့ လုံးတီးမော်ဒယ်တွေ သုံးကြစို့

06 Sep 2016     1,730 Views


ရုရှားနိုင်ငံတွင် ယာဉ်အန္တရာယ် လျှော့ချရေးအတွက် စီမံချက်တရပ်တီထွင် ဖန်တီထားသည်။ ယာဉ်မောင်းသူများအား အရှိန်နှုန်းလျှော့ချစေရန် သတ်မှတ်ထားသော အရှိန်နှုန်းကတ်ပြားများကို ကိုင်ဆောင်ထားသည့် အပေါ်ပိုင်းဗလာကျင်းထားသော အမျိုးသမီးများကို အသုံးပြုပြီး ယာဉ်အရှိန်နှုန်း လျှော့ချရေးလုပ်ငန်းစဉ်တရပ် ဆောင်ရွက်နေသည်။
အထူးသဖြင့် ယာဉ်အန္တရာယ်အများဆုံးဖြစ်တတ်သော နေရာများတွင် လမ်းဘေးများ၌ ယင်းကဲ့သို့ လုံးတီးနီးပါးအမျိုးသမီးများ စီတန်းလှည့်လည်ကာ ယာဉ်မောင်း များအားအရှိန်နှုန်း လျှော့ချရန် သတိပေးစာတန်းများပြသ လျက်ရှိသည်။
 
 
ရုရှားနိုင်ငံအလယ်ပိုင်း နိဇ်နီနော့ဗ် ဂိုရို့ဒ်ဒေသရှိ ဆီဗာနီကျေးရွာရှိ လူကူးဖြတ်လမ်းတခုတွင် ယင်းစမ်းသပ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းသမားအများစုမှာ အမျိုးသားများဖြစ်၍ အဆိုပါ နေရာများ
သို့အရောက်တွင် ကားကိုအရှိန် လျှော့ချလာကြကြောင်း ပြောသည်။
ယင်းကဲ့သို့ အစီစဉ်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်စမ်းသပ်ခဲ့ကြသော်လည်း ရုရှားနိုင်ငံတွင် ယာဉ်အန္တရာယ်ကြောင့် တနှစ်လျှင် လူပေါင်း ၃၀,၀၀၀ ခန့် သေဆုံးနေမှုကြောင့် ယခုကဲ့သို့ ဘီကီနီဝတ် အမျိုးသမီးများနှင့် ယာဉ်အန္တရာယ်လျှော့ချရေး စီမံချက် ပြန်လည်အသက်သွင်းလာရခြင်းဖြစ်သည်။ သက်ကြီးရွယ်အို ပြည်သူများအနေနှင့်မူ ယင်းကဲ့သို့စီမံချက်ကြောင့် မော်တော်ကားလမ်းများတွင် အန္တရာယ် ကင်းစွာ လမ်းဖြတ်ကူးနိုင်ကြကြောင်း ပြောခဲ့သည်။
 
 
ယင်းစမ်းသပ်မှုအတွက် အဝတ်ချွတ်ခဲ့သော မော်ဒယ်တဦးက  ''လမ်းဘေးမှာ အရှိန်နှုန်းကန့်သတ်တဲ့ ဆိုင်းဘုတ် တွေ တပ်ထားပေမယ့် တချို့ဒရိုင်ဘာတွေက ကျေးရွာတွေ၊ လူနေရပ်ကွက်တွေကို ဖြတ်မောင်းတဲ့အခါမှာ အရှိန် မလျော့ကြဘူး။ ဒါကြောင့် ကျွန်မတို့က အခုလို အခင်းအကျင်းနဲ့ အရှိန်လျှော့မောင်းဖို့ လုပ်ခဲ့ရတာပါ''ဟု ပြောခဲ့ သည်။
ရုရှားနိုင်ငံ၏ မော်တော်ကားလမ်းများတွင် ယခုကဲ့သို့ မဆင်မခြင်မောင်းနှင် မှုကြောင့် မတော်တဆမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ရုရှားကားလမ်းများသည် ကမ္ဘာပေါ်တွင် အန္တရာယ်ကြီးမားသော လမ်းများစာရင်း၌ ပါဝင်လျက်ရှိသည်။
 
ထွဋ်ဝင်းထွဋ်
Credit: News Watch

06 Sep 2016     1,730 Views




RELATED

Most Popular of International News

Most Popular of NEWS