တက်တူးဆင်တူနဲ့ သူတို့နှစ်ယောက်
06 Sep 2016 1,748 Views
Rihanna and Drake တို့ဟာ ဆင်တူ တက်တူးလေးနဲ့ ဖြစ်နေကြပြန်ပါပြီ ။ စနေညက နယူးအော်လိန်းမှာ ဖျော်ဖြေရေးမှာ Drake ရဲ့ လက်ဖျံမှာ ငါးမန်းပုံ တက်တူးသစ်တစ်ခုကို တွေ့ရပါတယ်။
RiRi က ဘယ်ဘက်ခြေကျင်းဝတ်မှာ ထိုးထားတာဖြစ်ပြီး Drake ကတော့ ညာဘက်လက်ဖျံမှာ ထိုးထားတာဖြစ်ပါတယ်။ Rihanna ရဲ့ ခြေကျင်းဝတ်မှာ မြင်ခဲ့ရတဲ့ ငါးမန်းပုံတက်တူးနဲ့ ဆင်တူပါပဲ။ ပြတ်သွားပြီးမှ ပြန်ဆက်ကြတဲ့ Drake နဲ့ Rihanna တို့ဟာ Drake အတွက် ချစ်သက်သေထူဖို့ တက်တူးတစ်ခုထိုးခဲ့တယ်လို့လည်း သူမရဲ့တက်တူးဆရာက ပြောခဲ့ပါသေးတယ် ။