နီနီခင်ဇော်အတွက် ဂီတဆုတံဆိပ်တစ်ခုနဲ့ အားပေးစကားပြောခဲ့တဲ့ ဆောင်းဦးလှိုင်
06 Sep 2016 1,959 Views

"မျှော်လင့်ချက်တစ်စုံတစ်ရာ" တေးသီချင်းနဲ့ လက်တွဲညီခဲ့ကြတဲ့ တေးရေးအဆိုတော် ကိုဆောင်ဦးလှိုင်က ညီမငယ် နီနီခင်ဇော်အတွက် သူရရှိခဲ့တဲ့ ဂီတဆုတံဆိပ်လေး တစ်ခုနဲ့အတူ ခွန်အားဖြစ်စေမယ့် စာသားလေးတွေကို သူ့ရဲ့ facebook ကနေ စက်တင်ဘာလ ၅ ရက်နေ့က ရေးသားအားပေးခဲ့ပါတယ်။ ယခုသတင်းဝေမျှချိန်ထိ ကိုဆောင်းဦးလှိုင်ရဲ့ Wall မှာ နောက်ဆုံး status အဖြစ်ရှိနေပါသေးတယ်။
ဖြစ်ပျက်ခဲ့သမျှတွေကိုရဲဝံ့စွာရင်ဆိုင်ရင်းပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေဆီအရောက်သွားပါ ငါ့ညီမေရ…အရွယ်နဲ့မမျှအောင်ကြုံခဲ့လေတဲ့လောကဓံတွေကိုအံတုကျော်ဖြတ်လာခဲ့တဲ့ ငါ့ညီမရဲ့အတိတ်နေ့ရက်တွေအကြောင်း မသိခဲ့ဖူးပေမယ့်စတင် အလုပ်တွေလက်တွဲလုပ်ကတည်းကအကို အကောင်းဆုံး ကူညီဖေးမနိုင်ခဲ့သလိုဆက်လက်ပြီးလည်းအားပေးကူညီနေဦးမှာပါ…ငါ့ညီမအသံကြောင့်အကိုရခဲ့ဖူးတဲ့အကို့ဘဝရဲ့တစ်ခုတည်းသော ဂီတနဲ့ပါတ်သက်တဲ့ဆုတံဆိပ်လေး အမှတ်တရတင်ပေးလိုက်ပါတယ်…
၅.၉.၂၀၁၆
ဆောင်းဦးလှိုင်