1MDB အရှုပ်တော်ပုံတွင် လာဘ်စားသည့် အစိုးရအရာရှိကို ဖမ်းဆီးရေး မလေးရှားတွင် ဆန္ဒပြ
29 Aug 2016 1,312 Views
မလေးရှားနိုင်ငံပိုင် မလေးရှားဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ 1MDB ရဲ့ ရန်ပုံငွေတွေ အလွဲသုံးစားလုပ်မှုမှာ ပါဝင်နေတယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးသူတွေက ပြောထားတဲ့ မလေးရှားအစိုးရကြီးတန်းအရာရှိကို ဖမ်းဆီးရေး တောင်းဆိုဆန္ဒပြပွဲကို မလေးရှား ကျောင်းသားတွေက ဦးဆောင်ပြီး မြို့တော်ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့ပါတယ်။