အင်အားပြင်းငလျင်ကြောင့် ပုဂံ ရှေးဟောင်းမြေ အပျက်အစီးများပြား
25 Aug 2016 1,657 Views

၂၄ရက် ညနေ ၅နာ ရီ ၅မိနစ်က ချောက်မြို့၏အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုခဲ့တဲ့ ငလျှင်ကြောင့် လူ3ဦးသေဆုံးပြီး ရှေးဟောင်းမြို့တော် ပုဂံ ဒေသရှိ စေတီပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဆိုးဆိုးရွားရွား ဖြစ်တာက တော့ စူဠာမဏိ။ နောက်တစ်ခုက စေတနာကြီးဘုရားပါ ပါတယ်။ ထီးလိုမင်းလို၊ လောကနန္ဒာတို့ပါ ပါတယ်။ အရမ်းကြီး ထိခိုက်မှုမ များပေမယ့် ထီးတော်မြေခ ခဲ့ပါတယ် ။ ဘုရားဖူးခွင့်ကို သီးသန့် ပိတ်ထားတာ မရှိပေမယ့် တချို့ အပျက်အစီးများတဲ့ ဘုရားတွေကို တော့ ပိတ်ထားတာရှိပါတယ်။ လုံးဝ ပိတ်တဲ့ဘုရား ခုနစ်ဆူလောက် တော့ရှိပါတယ်။
ငလျင်ဗဟိုချက်မနှင့် နီးသော ချောက်မြို့တွင် အ ဆောက်အအုံတစ်ခု ပြိုကျပြီး အ ဆောက်အအုံအချို့ နံရံအက်ကွဲမှု များ ဖြစ်ခဲ့သော်လည်း ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ပါတယ် ။ မကွေးမြို့တွင် ဆီစက် ဟောင်း အဆောက်အအုံနံရံ ပြို ကျခဲ့သည်။
မင်းဘူးမြို့ရှိ နဂါးပွက် တောင်မှ ရွှံ့ချော်ရည်များ လျှံကျ ကာ အနီးရှိအဆောက်အအုံ အ ချို့ ပျက်စီးခဲ့သည်။ မအီမြို့နယ် ရန်ကုန်- ကျောက်ဖြူ ကားလမ်းပေါ်ရှိ လုံး တော်ပေါက် တံတားမှာ ထိခိုက် ပျက်စီးခဲ့၍ ကားလမ်းကို ယာယီပိတ်ထားသည်။
ကမ္ဘာ့နေရာအနှံ့ တွင် သြဂုတ် ၂၄ ရက်က ငလျင် စုစုပေါင်း ၉၃ကြိမ်လှုပ်ရှားခဲ့ကာ ချောက်မြို့အနီးဗဟိုပြုသော ယခု ငလျင်သည် အပြင်းထန်ဆုံးဖြစ် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားခဲ့ပါတယ် ။
အဆိုပါငလျင်ဟာ မန္တ လေးတိုင်းနှင့် မကွေးတိုင်းတို့တွင် ဘုရား၊ စေတီ၊နေအိမ် အဆောက်အအုံပြိုကျခြင်းကဲ့သို့ ထိခိုက်ပျက်စီးပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီအများအပြားထိခိုက်ပျက်စီးခဲ့တာလဲ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ ပုဂံ ဘာရားတွေကို လဲ ယူနက်စကိုက သွားရောက်စစ်တမ်းကောက်ယူပြီး ဘုရားများပြန်လည်ပြုပြင်ရန်အတွက် လိုအပ်တဲ့ ငွေကြေး နည်းပညာတွေကိုလဲ ထောက်ပံပေးသွားမှာ ဖြစ်ပါတယ်။
Credit:7Day Daily