ကမ္ဘာ့အကြီးဆုံး ကြောင်ကြီး
24 Aug 2016 1,533 Views

-ဒီကြောင်ကြီးရဲ့ နာမည်က ဆမ်ဆင်ပါ ၂၈ပေါင် အရှည်လေးလောက်ရှိပါတယ်
-နယူးယောက်မြို့မှာအကြီးဆုံးကြောင် ဆိုပြီးသတ်မှတ်ခံထားရပါတယ်
-ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းဝင်တဲ့ ကမ္ဘာ့အကြီးဆုံးကြောင်ကြီးက အရှည် ၄ ဒသမ ၀၄ ပေရှိပြီး ၂၀၁၃ ခုနှစ် မှာ သေသွားပြီလေ
““ဆမ်ဆင်က အရမ်းလိမ္မာသလို အရမ်းလည်း သန်မာတဲ့ကြောင်ဗျ။ သူက ၀နေတာလည်း မဟုတ်ဘူး၊ အ၀လွန်နေတာလည်း မဟုတ်ဘူး။ သန်မာတာပါ””လို့ သူ့သခင်ကသူ့ကြောင်ကြီးကို ကာကွယ်ပြောသွားပါတယ်။ ““သူက မနက်မိုးလင်းတာနဲ့ကျွန်တော့် အိပ်ခန်းဝမှာလာစောင့် နေတာ။
တံခါးဖွင့်လိုက်ပြီဆိုတာနဲ့ဝင်လာပြီး ကျွန်တော့်ဗိုက်ပေါ်တက်ဝပ်တော့တာပဲ။ သူက ချစ်ဖို့ကောင်းသလိုအရမ်းလည်းလိမ္မာတယ်။ ကျွန်တော်လိုချင်နေတဲ့ ကြောင်က သူ့လိုကြောင်မျိုးပဲ””လို့ သူ့သခင်က ဆက်ပြောသွားပါတယ်။
Soure : Pyi Myanmar