နိုင်ငံတော်ကို ဘက်စုံတောင့်စုံမှ ကာကွယ်နိုင်ရန် တပ်မတော် (လေ) ၏ လေကြောင်းစွမ်းရည်မြှင့်တင်
24 Aug 2016 1,364 Views
နိုင်ငံတော်ကို ဘက်စုံထောင့်စုံက ကာကွယ်နိုင်ဖို့နဲ့ တပ်မတော်(လေ)ရဲ့ လေကြောင်း စွမ်းရည်မြှင့်တင်နိုင်ဖို့ ခေတ်မှီနည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်၊ စက်ပစ္စည်း လက်နက် ကိရိယာတွေ ဖြည့်ဆည်းတပ်ဆင်ပေးရမှာ ဖြစ်သလို ကျွမ်းကျင်လေသူရဲတွေနဲ့ ကျွမ်းကျင်စက်မှုပညာရှင်တွေလည်း လေ့ကျင့်မွေးထုတ်သွားရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။