မြို့တော်ဝန်အဖြစ် သုံးကြိမ်ဆက် မဲနိုင်ခဲ့တဲ့ ခွေးလေး
24 Aug 2016 1,346 Views
"Duke" ဟာ အမေရိကမှာ အထင်ရှား အကျော်ကြားဆုံး နိုင်ငံရေးသမား ဖြစ်နိုင်ပါတယ်။ သူဟာ မြို့တော်ဝန်နေရာ ရွေးကောက်ခံရာမှာ ဒီတစ်ခါနဲ့ပါဆိုရင် သုံးကြိမ်ဆက်တိုက် အပြတ်အသတ် အနိုင်ရရှိခဲ့ပြန်ပါတယ်။
"Duke" ဆိုတာ အသက် ၉ နှစ်အရွယ် ခွေးတစ်ကောင် ဖြစ်ပြီး မင်နီဆိုတာမှာရှိတဲ့ ကော်မိုရန့်မြို့လေးရဲ့ သုံးကြိမ် ဆက်တိုက် မြို့တော်ဝန်ဖြစ်လာပါတယ်။
မဲဆန္ဒခံယူပွဲကို "ကိုမိုရန်ဒေ့စ်" ပျော်ပွဲရွှင်ပွဲကာလမှာ ပြုလုပ်ခဲ့ပြီး မဲထည့်မည့်သူတွေက ၁ ဒေါ်လာတန်လေးတွေကို လျိုဝှက်မဲစနစ်နဲ့ ပေးခဲ့ကြတာဖြစ်ပါတယ်။
မဲရေတွက်ရာမှာ အားလုံးက တစ်ညီတစ်ညွတ်ထဲ "Duke" ကို မဲပေးခဲ့ကြပြီး မဲပေးသူတစ်ယောက်ကသာ သူ့ရဲ့ရည်းစား "Lassie" ကိုမဲထည့်ခဲ့တယ်လို့ "Duke" ရဲ့ပိုင်ရှင်ဖြစ်သူ ဒေးဗစ်ရစ် က ပြောပါတယ်။
မြို့တော်ဝန်ဖြစ်တဲ့ "Duke" ရဲ့ပုံကို ဟိုင်းဝေး ကြော်ငြာဆိုင်းဘုတ်ကြီး သုံးခုမှာ တင်ပြီးဂုဏ်ပြုထားပါတယ်။
တစ်ကယ်တော့ အခုလို သမားရိုးကျမဟုတ်တဲ့ ယူအက်စ်က ရွေးကောက်ပွဲဖြစ်စဉ်တွေထဲမှာ "Duke" က ပထမဆုံးရွေးကောက်ခံရတဲ့ တိရိစ္ဆာန်တော့မဟုတ်ပါဘူး။ သူ့အရင်က ခွေးနှစ်ကောင်၊ ကြောင်တစ်ကောင်၊ နွားတစ်ကောင်နဲ့ ဘီယာစုပ်တတ်တဲ့ ဆိတ်တစ်ကောင်တို့ ရွေးကောက်ခံရဖူးပါတယ်။
Ref:ABC