သင်္ဘောတပိုင်း လေယာဉ်တပိုင်း ကမ္ဘာ့အရှည်လျားဆုံး လေယာဉ်ကြီး စမ်းသပ်ပျံသန်း
19 Aug 2016 1,337 Views
-ကမ္ဘာအရှည်ဆုံး လေယာဉ်တမျိုးကို ဗြိတိန်နိုင်ငံက ပထမဆုံးအောင်အောင်မြင်မြင် ပျံသန်း
-သြဂုတ်လ ၁၇ ရက်နေ့မှာ လန်ဒန်မြို့တော်မြောက်ဘက် ဘက်ဒ်ဖို့ဒ်(Bedford)မြို့မှာစမ်းသပ်မောင်းနှင်း
-လေယာဉ်တပိုင်း ၊လေသင်္ဘောတပိုင်း ဖြင့်တည်ဆောက်ထား
-လေယာဉ် အရှည်ပေ ၃၀၂ ပေရှိတဲ့အတွက် ခရီးသည်တင်လေယာဉ်ထက် ပေ ၅၀ ပိုရှည်
-အမြင့်ပေ ၂၀၀၀ ကို တက်ရောက်ဖို့ ၁၅ မိနစ်ကြာမြင့်ခဲ့ပါတယ်
အမေရိကန်ဒေါ်လာ ၃၂ သန်းကျော် ကုန်ကျပြီး အတောင်ပံတပ် လေယာဉ်ပျံတွေနဲ့ ရဟတ်ယာဉ်တွေရဲ့ အကောင်းဆုံးနည်းပညာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ လူလိုက်ပါရင်တော့ လေထဲမှာ ၅ ရက်ဆက်တိုက် ပျံဝဲနိုင်ပြီး လူမပါရင်တော့ သီတင်း ၂ ပတ်ကျော် လေပေါ်မှာ နေနိုင်ပါတယ်။
ဘယ်လေယာဉ်တွေထက်မဆို ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးနဲ့ အသုံးပြုနိုင်မယ်လို့ အင်ဂျင်နီယာတွေက ပြောဆိုပါတယ်။Airlander 10 လို့ အမည်ပေးထားပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပဲဖြစ်ဖြစ်၊ စစ်သုံးပဲဖြစ်ဖြစ်၊ အရပ်ဘက် ဝေဟင်စောင့်ကြည့်ရေး လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အသုံပြုနိုင်မယ်လို့ပြောကြားထားပါတယ်။
Soure : burmese.dvb.no