ရေးဘေးသင့်ပြည်သူတွေကို ဒေါ်လာတစ်သန်းလှူမယ့် Taylor Swift
18 Aug 2016 1,371 Views

အသက် 26 နှစ်အရွယ် Taylor ဟာ 1989 album အတွက် နယ်လှည့်ဖျှော်ဖြေရင်း လူစီးယားနားပြည်နယ် ကို ရောက်ရှိဘူးပါတယ်။ သူမရောက်သွားတဲ့ အချိန်မှာနွေးထွေးစွာကြိုဆိုကြတဲ့အတွက် အိမ်ပြန်ရောက်သွားသလိုတောင်ခံစားခဲ့ရပါတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် လူစီးယားနားပြည်သူတွေ အခုလို ရေဘေးကြုံနေရတဲ့အချိန်အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ် ။ကူညီနိုင်တဲ့သူတွေလည်းဝိုင်းဝန်းကူညီကြဖို့ကျွန်မတိုက်တွန်းချင်ပါတယ်လို့ ပြောထားပါတယ်။
နယ်ခံတစ်ဦးကလဲ“ကျွန်တော်ဘာလုပ်ရမှန်းတောင်မသိတော့ပါဘူး။ကျွန်တော်ပိုင်သမျှအားလုံးကုန်သွားပီလေ။”လို့ဝမ်းနည်းစွာပြောခဲ့ပါတယ် ။ အိမ်ဖြူတော်ကလဲ အရေးပေါ်အဖြစ်ကြော်ငြာထားပြီး တစ်အိမ်တက်ဆင်း ကယ်ဆယ်နေကြပါတယ်။
သေဆုံးသူကလဲ 11 ယောက်ကျော်လောက်ရှိပြီး ဆက်လက်မြင့်တက်နေပါတယ် ။ သမိုင်းမှာ အကြီးမားဆုံး ရေကြီးမှု လည်း ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် ပေါင်ဘီလီယံ 90 လောက်ဆုံးရှုံးမှုရှိနေပြီလို့ ခန့်မှန်းထားပါတယ်။
Credit:shwemom