BEC-TERO TV

ဇနီးသည်ရဲ့ ပတ်စပို့ ပျောက်ဆုံးခဲ့တာကြောင့် ဟန်းနီးမွန်းခရီးကို ဇနီးသည်ရဲ့ဓါတ်ပုံတွေနဲ့ပဲ သွားနေရတဲ့ သနားစရာ သတို့သား

16 Aug 2016     1,353 Views


အိန္ဒိယ။  ။၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ဖီဇန်(Faizan) နဲ့ ဆာနာ(Sana) တို့ စုံတွဲဟာ ဟန်းနီးမွန်းခရီးစဉ်ကိုတော့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ အီတလီ နဲ့ ဂရိနိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့ အားလုံးစီစဉ်ထားခဲ့ကြပါတယ်။

ကံမကောင်းလှတဲ့ သတို့သမီး Sana က ခရီးမထွက်ခင်လေးမှာပဲ သူမရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားခဲ့တဲ့ အတွက် သူမလိုက်ပါလို့ မရတော့ပါဘူး။ ဒါပေမယ့် ဒီခရီးစဉ်ဟာ သေသေချာချာ စီစဉ်ထားတဲ့ အမှတ်တရခရီးစဉ်ဖြစ်လို့ Sana ကိုယ်တိုင်က သူ့ရဲ့အမျိုးသား Faizan ကို သူမ မပါပဲသွားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဇနီးသည်မပါပဲ သွားရတော့မယ့် ခရီးအတွက် Faizan ဟာ Sana ရဲ့ ဓါတ်ပုံလေးတွေကို ပရင့်ထုတ် ကူးယူသွားပြီး ရောက်တဲ့ နေရာတိုင်းမှာ Sana ရဲ့ ဓါတ်ပုံလေးတွေနဲ့ တွဲပြီး အမှတ်တရ ပုံလေးတွေရိုက်ပါတယ်၊ အဲသည်နောက် သူ့ရဲ့ Twitter မှာ ဟက်ရှ်တက်ခ် လေးတွေတွဲပြီး #SanaWasHere စသည်ဖြင့် ပုံလေးတွေ တင်ထားခဲ့ပါတယ်။

Faizan ဟာ အဲဒီပုံလေးတွေကိုလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Sushma Swaraj ထံကိုလည်း ပေးပို့ခဲ့ပါတယ်။ Sushma က ဒီအကြောင်းတွေကို သိရှိသွားပြီးနောက်မှာတော့ Faizan ရဲ့ ဇနီးဖြစ်သူ Sana ကို သူ့ဆီ အမြန်ဆုံးတက်သွယ်ဖို့ အကြောင်းပြန်ခဲ့ပါတယ်၊ သူမအနေနဲ့ ကျန်နေသေးတဲ့ ခရီးစဉ်တွေမှာ Sana ပါ လိုက်ပါနိုင်ဖို့ အမြန်ဆုံးကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

အခုလက်ရှိအချိန်ထိတော့ Faizan ဟာ သူ့ဇနီးသည်ရဲ့ အငွေ့အသက်လေးနဲ့သာ ခရီးတစ်ယောက်ထဲ ထွက်နေရဆဲပါ။

ယခုလိုအဖြစ်အပျက်မျိုးကို ပြီးခဲ့တဲ့လက ညာကာစဇနီးမောင်နှံ ကြုံတွေခဲ့ရပါသေးတယ်၊ အမျိုးသားဖြစ်သူရဲ့ ဗီဇာပယ်ချခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူက ဇနီးသည်ကို တစ်ယောက်ထဲသွားဖို့ အတော်အတန် နားချယူခဲ့ပြီးနောက် ခရီးထွက်သွားတဲ့ ဖနီးသည်ရဲ့ အမှတ်တရဓါတ်ပုံတွေမှာ ဝမ်းနည်းမှုအရိပ်တွေ ပြည့်နှက်နေခဲ့ပါသေးတယ်။

ချစ်တဲ့သူတိုင်း ရွှေလက်တွဲနိုင်ပြီး၊ လက်တွဲကြတဲ့ ဇနီးမောင်နှံတိုင်း ပျော်ရွှင်ချမ်းမြေတဲ့ ဟန်းနီးမွန်းခရီးကို ဆင်နွဲနိုင်ကြပါစေလို့ ကျွန်တော်တို့ 'ပိုပိုလေး’ မှ ဆုတောင်းပေးလိုက်ပါတယ်။

Faizan နဲ့ Sana ကျန်ရှိနေသေးတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို အတူတူဖြတ်သန်းနိုင်ကြပါစေ...။


16 Aug 2016     1,353 Views




RELATED

Most Popular of International News

Most Popular of NEWS