၂၁ ရာစု ပင်လုံ ကျင်းပရေးကော်မတီဝင်ဖြစ်ခွင့်ရလျှင် ညီလာခံ မလွဲမသွေ တက်ရောက်ရမည်ဟု ခူဦးရယ် သုံးသပ်
15 Aug 2016 1,309 Views
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံအတွက် ဖွဲ့စည်းမယ့်ကျင်းပရေးကော်မတီမှာသာ ပါဝင်ခွင့်ရရင် ၂၁ရာစုပင်လုံကို မလွှဲမသွေတက်ရောက်ရမယ့် အနေအထား တစ်ခုဖြစ်လာမယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNFC)ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)ခေါင်းဆောင်း ခူဦးရယ်က ပြောကြားလိုက်ပါတယ်။