BEC-TERO TV

သားအမိချင်းချစ်ကြိုက်နေမိလို့ ထောင်(၁၈)လ ကျခံရနိုင်တဲ့အမေရိကန်သားအမိ

11 Aug 2016     10,177 Views


အမေရိကန် သားအမိနှစ်ယောက်ဖြစ်တဲ့ Monica Mares နဲ့ Caleb Peterson တို့ သားအမိဟာ သားအမိချင်း ချစ်ကြိုက်မိနေပြီဖြစ်ကြောင်း အတိအလင်း ၀န်ခံပြီးတဲ့နောက် နယူးမက္ကဆီကိုမှာရှိတဲ့ Clovis ဒေသတရားရုံးက ကင်းကင်းရှင်းရှင်းနေကြဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

အမေဖြစ်သူကတော့ အသက် (36) နှစ်ရှိပြီ ဖြစ်ပြီး၊ သားဖြစ်သူကတော့ (19)နှစ် ရှိပြီ ဖြစ် ပါတယ်။ ဥပဒေကို မလိုက်နာပါက နှစ်ဦးစလုံး ထောင်ဒဏ်(18)နှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။ ဒါပေမယ့် သားအမိနှစ်ယောက်ဟာ Genetic Sexual Attraction (ဆွေမျိုးနီးစပ်သူချင်း ချစ်သူဖြစ်သူများအတွက်)ကို အစိုးရက တရားဝင် ခွင့်ပြုချက်ဥပဒေတွေလုပ်ပေးဖို့ လိုလားနေပြီး တောင်းဆိုမှုတွေလုပ်ဖို့လည်း ရည်ရွယ်ထားပါတယ်။ Mares က သားCaleb ကို သူမအသက်(16)နှစ်အရွယ်တုန်းကတည်းက မွေးဖွားပေးခဲ့တဲ့ မိခင်အရင်းဖြစ်ပြီးမွေးစားဖို့ အခြားမိသားစုကို ပေးပစ်ခဲ့ပြီး  ပြီးခဲ့တဲ့ ခရစ္စမတ်ကာလတုန်းက Facebook ပေါ်မှာ ပြန်လည်ဆက်သွယ်မိကြပြီး မကြာမီမှာပဲ သူတို့နှစ်ယောက်ဟာ ထူးဆန်းတဲ့အချစ်ကို ပိုင်ဆိုင်နေရပြီလို့ ကြေငြာခဲ့ပါတယ်။

Caleb က Daily Mail သတင်းစာနဲ့ သီးသန့်တွေ့ဆုံမှုမှာ ” ကျွန်တော့်ကို ဂရုတစိုက်ချက်ပြုတ်ကျွေးမွေးတဲ့လူ .. လိုအပ်တာကို ဖြည့်ဆည်းပေးမယ်လူ … တစ်သက်တာမှာ မရှိခဲပါဘူး … သူမကတော့ ကျွန်တော့်စိတ်ကို ပျော်ရွှင်စေပါတယ် … မတွေ့ရလို့ တစ်ပတ်လောက်ကြာတော့မှ သူမကို ချစ်မိနေပြီဆိုတာ သိခဲ့ရတာပါ “လို့ ဖြေကြားခဲ့ပါတယ်။ အဲဒီကိစ္စ သိလျှင် သိချင်းမှာပဲ Caleb ရဲ့ လက်ရှိအဖေက အိမ်ပေါ်ကနေ နှင်ချထားတယ်လို့ သိရပါတယ်။

Mares ကလည်း သားဖြစ်သူ Caleb ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် လက်ရှိ သားသမီးတွေကို စွန့်လွှတ်ရလဲ စွန့်လွှတ်ရဲတယ်လို့ ဆိုပါတယ်။သူတို့ချစ်ခြင်းကိုသာခွင့်မပြုဘူးဆိုရင်တော့ အခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့ဖို့အထိ စီစဉ်ထားကြပါတယ်။ အမေရိကန်  ပြည်နယ် (50) ဟာ ဒီဥပဒေကိုပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် နယူးမက္ကစီကိုပြည်နယ်တရားရုံးကလည်း ဒီအခြေအနေကို စောင့်ကြည့်နေပြီး ဥပဒေချိုးဖောက်ကြောင်း ထင်ရှားပါက အမြန်ဆုံးတရားစွဲဆိုပြီး ပြစ်ဒဏ်အသီးအသီးချမှတ်ဖို့ ပြင်ဆင်နေပါတယ်။ ယခုအချိန်မှာတော့ သားအမိနှစ် ယောက်စလုံး အဆက်အသွယ်မလုပ်ပဲ နေနေရပါတယ်။ Caleb ရဲ့ မွေးဖွားခဲ့စဉ်တုန်းက အမည်ကတော့ Carlos လို့ သိရပါတယ်။

Credit:Shwemom 


11 Aug 2016     10,177 Views




RELATED

Most Popular of Special or Others

Most Popular of NEWS