အိမ်မှုကိစ္စတွေဟာ ဇနီးတစ်ယောက်တည်းရဲ့ အလုပ်မဟုတ်ဘူးလို့ ဖင်လန်အမျိုးသား ၉၀ ရာခိုင်နှုန်းက ခံယူထား
10 Aug 2016 1,506 Views

ဖင်လန်နိုင်ငံ အမျိုးသားတွေဟာ ၉၀ ရာခိုင်နှုန်း အိမ်မှုကိစ္စတွေ ၀ိုင်းဝန်းလုပ်ဆောင်တယ်ဆို ဒီစစ်တမ်းကသိရပါတယ်။ ဖုန်ရှင်းတာ၊ ကြမ်းပြင်ရေသုတ်တာ၊ ပန်းကန်ဆေးတာ နဲ့ ထမင်းဟင်းချက်တာ စတဲ့ ဗာဟီရကိစ္စတွေဟာ အမျိုးသားရော အမျိုးသမီးရော နှစ်ယောက်စလုံးလုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ Association for Finnish Work အဖွဲ့ကလုပ်တဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းက ဖြေကြားထားပါတယ်။ယောက်ကျာင်္းသား တွေဟာပိုလေလံတဲ့ အလုပ်တွေကိုပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ဖြေထားပါတယ်။ဒီစစ်တမ်း ဖြေဆိုသူအမျိုးသား ထက်ဝက်ခန့်က အနံ့သက်ဆိုးတဲ့အလုပ်တွေဟာ အမျိုးသားတွေရဲ့အလုပ်လို့ဖြေပါတယ်။
ဖြေဆိုသူ အမျိုးသမီးသုံးယောက်မှာတစ်ယောက်ကလည်း ဒါဟာအမျိုးသားတစ်ယောက်ရဲ့အလုပ်လို့ ဖြေပါတယ်။စစ်တမ်းအရ ဖင်လန် ငါးယောက်မှာ တစ်ယောက်ဟာ ဖုန်ရှင်းတာ၊ အဝတ်လျှော်တာနဲ့ ပြတင်းပေါက်သန့်ရှင်းရေးလုပ်တာတွေဟာ အမျိုး သမီးတွေအလုပ်လို့ ခံယူထားပါတယ်။ ၇၀ ရာခိုင်နှုန်းစစ်တန်းဖြေဆိုတွေကတော့ ယောက်ကျာင်္းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လုပ်ငန်းလုပ်ဆောင်တာနဲ့ဟာ သက်သက်စီပဲလို့ မြင်ကြပါတယ်။ ဒီ Taloustutimus စစ်တမ်းကို အသက် ၁၈ နှစ်ကနေ ၇၉ နှစ်ကြား ဖင်လန် ၂၀၀၀ ကျော်ကို မတ်လအတွင်းမှာ မေးမြန်းကောက်ယူခဲ့တာ ပါ။ ဒါပေမဲ့ စီးပွားရေးပူးပေါင်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (OECD)ရဲ့ ထုတ်ပြန်ချက်အရ မိန်းမတွေ အိမ်မှာနေတဲ့အချိန်ဟာ ယောက်ျားတွေနေ တဲ့အချိန်ထက် နှစ်ဆနီးပါး ရှိနေတုန်းပဲဖြစ်ပါတယ်။
Soure : MCN TV News