အမေရိကန် သံရုံးကို နိုင်ငံခြားရေး ဝန်ကြီးဌာန သတိပေး
26 Jul 2016 1,473 Views

ဇူလိုင်လ ၂၄ ရက်နေ့ ည က သံရုံးအတွင်း မျက်ရေယိုဗုံး ပေါက်ကွဲ ခဲ့မှု နဲ့ ပတ်သက်ပြီး အမေရိကန် သံရုံး အနေနဲ့ အိမ်ရှင် နိုင်ငံရဲ့ စည်းမျဉ်းစည်ကမ်းတွေကို လိုက်နာဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက က သတိပေး လိုက်ပါတယ်။ နောက်နောင်မှာ အခုလို ကိစ္စတွေ ထပ်မံ မဖြစ်ပွားစေဖို့ နဲ့ ဥပဒေကို လေးစား လိုက်နာဖို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမေရိကန် သံရုံး ထံကို တယ်လီဖုန်း ဆက်သွယ် အသိပေးခဲ့ပြီး တရားဝင် စာရေးသား ပေးပို့ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
သံရုံးဘက်က မျက်ရည်ယို ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်လို့ အဆင်မပြေ ဖြစ်ခဲ့ရတာတွေ အတွက် တောင်းပန်ကြောင်း ဒီကနေ့ မနက်မှာ ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။ အမေရိကန် သံရုံးထဲကနေ မီးခိုးငွေ့တချို့ ထွက်လာတဲ့အတွက် ဗုံးကွဲတာလား ဆိုပြီး လူတွေ အထိတ်တလန့် ဖြစ်ခဲ့ရသလို မျက်ရည်ယိုဗုံး ဓါတ်ငွေ့တွေကြောင့် လမ်းသွားလမ်းလာတွေ နှာမွှန်တာမျိုး၊ မျက်ရည်ယိုတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီလို လုံခြုံရေး လေ့ကျင့်မှု လုပ်မယ်ဆိုတာကို အာဏာပိုင်တွေဘက်က ကြိုတင် မသိခဲ့ဘူးလို့ သိရပါတယ်။
Credit : BBC Burmese