BEC-TERO TV

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းငယ်လျော့ကျ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာကိုးကွယ်သူတိုးလာ

22 Jul 2016     1,427 Views


၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ ဗုဒ္ဓဘာသာကိုးကွယ် သူဦးရေ အနည်းငယ်ကျဆင်း သွားပြီး ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူဦးရေ မြင့် တက်လာကြောင်း သတင်းရရှိ သည်။ မြန်မာနိုင်ငံတွင် ၁၉၈၃ က ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းတွင် ဗုဒ္ဓဘာသာကိုးကွယ်မှု မှာ ၈၉ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ၈၇ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ရာ ဗုဒ္ဓဘာ သာ ကိုးကွယ်သူ ကျဆင်းသွား ကြောင်း သန်းခေါင်စာရင်းအစီရင် ခံစာထုတ်ပြန်ချက်အရ သိရသည်။ ခရစ်ယာန်ဘာသာကိုးကွယ် မှုမှာ ၁၉၈၃ က ၄ ဒသမ ၉ ရာခိုင် နှုန်းရှိပြီး ယခုကောက်ယူမှုတွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိကာ အစ္စ လာမ်ဘာသာကိုးကွယ်မှုမှာလည်း ၁၉၈၃ က ၃ ဒသမ ၉ ရာခိုင်နှုန်းရှိ ခဲ့ရာမှ ယခုအခါ ၄ ဒသမ ၃ ရာခိုင် နှုန်းသို့ မြင့်တက်လာကြောင်း ယင်းအစီရင်ခံစာတွင် တွေ့ရသည်။ ဟိန္ဒူဘာသာ ကိုးကွယ်မှု အရေအတွက်မှာမူ ၁၉၈၃ နှင့် ၂၀၁၄ စာရင်းများကွာခြားမှုမရှိဘဲ ၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆက် လက်ရှိနေသည်။

နတ်ကိုးကွယ်မှုမှာ ၁၉၈၃ က ၁ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သ ဖြင့် ယခင်ကထက် လျော့နည်းသွားသည်ကို တွေ့ရသည်။ အခြားဘာသာ ကိုးကွယ်မှု မှာ ယခင် ၀ ဒသမ ၁ ရာခိုင်နှုန်းမှ ယခုအခါ ၀ ဒသမ ၂ ရာခိုင်နှုန်း သို့မြင့်တက်လာခဲ့ကြောင်း အစီ ရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။ ဘာသာမဲ့ ဦးရေသည် ၀ ဒသမ ၁ ရာခိုင်နှုန်းရှိနေပြီး ယခင် ကောက်ယူခဲ့စဉ်က ၀ ဒသမ ၁ ရာ ခိုင်နှုန်းအောက်တွင်သာရှိနေခဲ့ ကြောင်း သိရသည်။ ယခုသန်းခေါင်စာရင်း အစီ ရင်ခံစာတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသည့်ဒေသ များမှ ခန့်မှန်းလူဦးရေကိုပါ ထည့် သွင်းတွက်ချက်ထားခြင်းဖြစ် ကြောင်း ဇူလိုင် ၂၁ ရက်က နေ ပြည်တော်တွင်ပြုလုပ်သည့် ကိုး ကွယ်သည့်ဘာသာဆိုင်ရာ ထုတ် ပြန်ခြင်း အခမ်းအနား၌ အလုပ် သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ သန်းခေါင်စာရင်း ကောက် ယူမှု အစီရင်ခံစာအရ အစ္စလာမ် ဘာသာကိုးကွယ်မှု အရေအတွက် မြင့်တက်လာသည်ဆိုသော်လည်း တွေ့ရှိချက် အစစ်အမှန်ကို ထုတ်ပြန်ခြင်းဖြစ်၍ စိုးရိမ်မှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။ ‘‘မှန်မှန်ကန်ကန် ကောက် ထားတာ။ မွတ်စလင်ဦးရေ တိုး တက်လာတယ်ဆိုတာလည်း အ ခြေအနေအရပေါ့နော်။ အခြေအ နေဆိုတာက သူတို့ရဲ့ အနေအ ထားအခြေအနေအရ တိုးတက် လာတယ်။ ဘယ်လိုရှေ့ဆက်လုပ် မလဲဆိုတာကိုပဲ စဉ်းစားဖို့လိုပါ တယ်။

သူ့ရဲ့အရှိတရားကိုတော့ အရှိအတိုင်းပဲ လက်ခံရမှာပေါ့။ ဖုံးကွယ်ထားမယ်။ ထိမ်ချန်ထား မယ်ဆိုရင် မလိုလားအပ်တဲ့ ပုံကြီး ချဲ့ခြင်းတွေ ကောလာဟလတွေ ဖြစ်လာရင် သာမန်ပြည်သူတွေ အတွက် ထင်ယောင်ထင်မှားဖြစ်နိုင်တာပေါ့။ ဒါအမှန်အတိုင်း ထုတ်ပြန်တာဖြစ်တဲ့အတွက် စိုး ရိမ်မှုမရှိပါဘူး’’ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူစဉ်က ကောက်ယူရရှိ သည့် လူဦးရေမှာ ၅၀,၂၇၉,၉၀၀ (သန်း ၅၀ ကျော်)ရှိပြီး ရခိုင်၊ ကရင်နှင့် ကချင်ပြည်နယ်တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည့် ဒေသအချို့မှ ခန့်မှန်းလူဦးရေ ၁,၂၀၆,၃၅၃ ဦး (တစ်သန်းကျော်)ကျန်ရှိနေခဲ့ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်း ထားသည်။ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူစဉ် မပါဝင်ခဲ့သည့်သူ များကို ထည့်သွင်းရေတွက်ပါက မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ မှာ ၅၁,၄၈၆,၂၅၃ ဦး (၅၁ သန်း ကျော်) ရှိမည်ဖြစ်ကြောင်း သန်း ခေါင်စာရင်း အစီရင်ခံစာက ဆို သည်။ သန်းခေါင်စာရင်း ကောက် ယူရရှိသည့် လူဦးရေသန်း ၅၀ ကျော်ကို အခြေခံ၍ ယခုထုတ်ပြန် သည့် ကိုးကွယ်သည့်ဘာသာအ ချက်အလက်တွင်မူ ဗုဒ္ဓဘာသာ ကိုးကွယ်သူအရေအတွက်မှာ ၈၉ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ဖော် ပြထားသည်။ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူစဉ်က ပါဝင်ခဲ့သည့် လူဦးရေကို တွက်ချက်ပါက ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ ၁၉၈၃ တွင်ရှိခဲ့သည့် ၈၉ ဒသမ ၄ ရာခိုင်နှုန်းထက် ပို၍များလာကြောင်း တွေ့ရသည်။

သို့သော် သန်းခေါင်စာရင်းကောက်စဉ်က မပါခဲ့သူများ ကိုပါ ထည့်သွင်းတွက်ချက်သည့် စာရင်းတွင်မူ ဗုဒ္ဓဘာသာကိုးကွယ် မှုအရေအတွက်မှာ ၁၉၈၃ ကထက်လျော့ကျနေ သည်။ ခရစ်ယာန်ဘာသာနှင့် အစ္စ လာမ်ဘာသာ ကိုးကွယ်သည့်ဦး ရေမြင့်တက်လာရခြင်း အကြောင်း ရင်းတွင် သန်းခေါင်စာရင်းကောက် ယူမှု၌ မပါဝင်သော လူတစ်သန်း ကျော်မှာ အဆိုပါဘာသာများကို အဓိက ကိုးကွယ်သူများ ဖြစ်နေ ခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားသည်။အစ္စလာမ်ဘာသာကိုးကွယ် သူဦးရေသည် ၁၉၈၃ က ၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး သန်းခေါင်စာ ရင်းကောက်ယူစဉ်က မပါဝင်ခဲ့ သည့် ရခိုင်ပြည်နယ်တွင် နေထိုင် သည့်ဦးရေ ၁ ဒသမ ၉ သန်းကျော် ကို ထည့်သွင်းထားခြင်းမရှိသည့် စာရင်း၌မူ ၂ ဒသမ ၃ ရာခိုင်နှုန်း သာ ယင်းဘာသာကိုးကွယ်မှုရှိ ကြောင်း ဖော်ပြထားသည်။

ယခုသန်းခေါင်စာရင်း ထုတ် ပြန်ချက်မှာ နိုင်ငံတကာ ကျွမ်း ကျင်သူများက ပွင့်လင်းမြင်သာစွာ ကူညီဆောင်ရွက်ပေးခဲ့၍ မှန်ကန်မှုရှိမည်ဟု ယုံကြည်ကြောင်း ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအသင်းမှ ဟိန္ဒူဘာသာ ရေးအဖွဲ့ခေါင်းဆောင် ဦအောင် သွင်က ပြောသည်။ ‘‘ဒီထုတ်ပြန်ချက်ကြောင့် ဘာသာရေးအဖွဲ့တွေ တစ်ခုနဲ့တစ် ခု ဘာမှဖြစ်လာစရာအကြောင်း မရှိဘူး။ ကိုယ့်ဘာသာဝင်ဦးရေ ဘယ်လောက်ရှိ၊ မရှိသိကြရတော့ ကိုယ့်ဘာသာတွေ အားလုံး အ တွက် အကျိုးဖြစ်မှုသာ ရှိနိုင်ပါ တယ်’’ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ၁၉၇၃ နှင့် ၁၉၈၃ တို့ တွင် ကောက်ယူခဲ့ပြီး ၂၀၁၄ တွင် တတိယအကြိမ်မြောက် ကောက် ယူခြင်း ဖြစ်သည်။

Credit : 7daydaily.com/


22 Jul 2016     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS