BEC-TERO TV

ဘရာဇီးဘောလုံးသမားပီလီ အသက် ၇၅ နှစ်တွင် တတိယအကြိမ်လက်ထပ်

14 Jul 2016     1,650 Views


ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီတတိယအကြိမ် လက်ထပ်လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက် သတင်းများတွင် ဖော်ပြထားသည်။ အသက် ၇၅ နှစ်အရွယ် ပီလီနှင့် အသက် ၅၀ အရွယ် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် မာစီယာစီဘယ်လီအိုကီတို့သည် ဆော်ပိုလိုမြို့တွင်အကျဉ်းချုံးလက်ထပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ရည်းစားသက်တမ်း ခြောက်နှစ်ကြာပြီးနောက် လက်ထပ်လိုက်ခြင်းဖြစ်သည်။ အကျဉ်းချုံးလက်ထပ်ပွဲကို ပီလီ၏ လူမှုကွန်ရက် ရုပ်သံလိုင်းများနှင့် ဘရာဇီးရုပ်သံလိုင်းတို့က အနည်းငယ်ပြသသွားခဲ့သည်။

အိုကီ အပေါ်ထားရှိသည့် ၎င်း၏ ချစ်ခြင်းသည် မယိုင်လဲနိုင်သည့် ချစ်ခြင်း မေတ္တာမျိုးဖြစ်ကြောင်း ပီလီက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားသွား ခဲ့သည်။ သြဂုတ်လ ၅ ရက်တွင်ပြုလုပ်မည့် ရီယိုဒီဂျနဲရိုး အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲကြီးတွင် ပီလီကအိုလံပစ်မီးရှူးတိုင် ကို မီးထွန်းညှိပေးသွားမည်ဖြစ်သည်။ ရီ ယိုဒီဂျနဲရိုးအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့် ပွဲတွင်ပါ ၀င်ပါမည်ဟု ၎င်းင်းက ၂၀၁၂ ခုနှစ် လန်ဒန်အားကစားပွဲတော်ပိတ်ပွဲတွင် ကတိပြုသွားခဲ့ခြင်းဖြစ်သည်။

(Fox, 11.7.16)

Credit : Pyi Myanmar


14 Jul 2016     1,650 Views




RELATED

Most Popular of Special or Others

Most Popular of NEWS