BEC-TERO TV

ဖုန်းနဲ့ဂိမ်းဆော့ရင်း ကလေးကိုနို့ဘူးတိုက်တဲ့ အဖေကြောင့် သုံးလသမီးလေး သေဆုံးခဲ့ဟုဆို

13 Jul 2016     1,696 Views


ဇူလိုင် ၁၃ ။ စင်ကာပူနိုင်ငံမှာ သုံးလအရွယ်ကလေးငယ်တစ်ဦးဟာ ဦးခေါင်းခွံကွဲအက်မှုအတွက် ကုသမှုခံယူရာကနေ ဆေးရုံဆင်းပြီး ငါးပတ်အကြာ မနှစ်ကအောက်တိုဘာလမှာ သေဆုံးခဲ့ပါတယ်။ မိဘတွေက ၂၀၁၅ စက်တင်ဘာ ၉ ရက်မှာ ဆေးရုံကဆင်းခွင့်ရဖို့ လူမှုရေးနဲ့မိသားစုဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MSF) ဆီမှာဘေးကင်းစွာလူနာစောင့်ရှောက်ရေးလက်မှတ်ရေးထိုးပြီး ကလေးကိုအိမ်ပြန်ခေါ်လာခဲ့တာဖြစ်ပါ တယ်။ ဒါပေမယ့် အောက်တိုဘာ ၁၂ ရက်မှာ ဖုန်းနဲ့ဂိမ်းကစားနေတဲ့ ဖခင်က သူမကို လက်တစ်ဖက်နဲ့နိုဘူးတိုက် နေချိန်မှာ ကလေးငယ်သေဆုံးခဲ့တာပါ။ တခြားသိသာထင်ရှားတဲ့အကြောင်းရင်းကိုအတည်မပြုနိုင်သေးပေမယ့် နို့တွေနဲ့အသက်ရှုကျပ်တာကလည်း သေဆုံးမှုအကြောင်းရင်းဖြစ်နိုင်တယ်လို့ ရဲစစ်ဆေးရေးအရာရှိ တိုနီဝမ်ကပြော ပါတယ်။

မှုခင်းဆရာဝန်တွေတွေ့ရှိချက်အရ ကလေးဟာ မသေဆုံးခင် တစ်ပတ်၊နှစ်ပတ်ခန့်ကလည်း နံရိုး သုံးချောင်းကျိုးထားသေးတယ်လို့ ဆိုပါတယ်။ နံရိုးကျိုးရခြင်းအကြောင်းကိုတော့ မသိရသေးဘူးလို့ တိုနီဝမ်က ပြောပါတယ်။ သမီးငယ် ရေးဟာနာ ဟာ မနှစ်က ဇွန် ၂၈ ရက်မှာ ပုံမှန်အတိုင်းအကောင်းပကတိမွေးဖွားလာခဲ့တာဖြစ်ပြီး သြဂုတ် ၉ ရက်နေ့မှာ အန်တဲ့အထဲသွေးပါလို့ ဆေးရုံရောက်ခဲ့ရပြီး မိခင်ဖြစ်သူရဲ့ဆန္ဒကြောင့် အိမ်ပြန်ခေါ်လာခဲ့ ပါတယ်။ သြဂုတ် ၂၆ ရက်မှာတော့ ကလေးက အဆက်မပြတ်အော်ငိုနေလို့ ကလေးဆေးရုံကို ပြေးတဲ့အခါ ကလေးမှာ ဦးခေါင်းခွံအက်သွားတာတွေ့ရပါတယ်။ ကလေးက စက်တင်ဘာ ၉ ရက်မှာဆေးရုံဆင်းခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာတော့ မိခင်ဖြစ်သူ နာရစ်ရှာ က ဆေးစစ်မှုကိစ္စအတွက် အိမ်ကထွက်ခဲ့ ရတာကြောင့် ခင်ပွန်းဖြစ်သူ ရှီဒစ် ကို ကလေးအပ်ခဲ့ပြီး နို့တိုက်ပြီးချိန် လေထုတ်ပေးဖို့ မှာခဲ့တာဖြစ်ပါတယ်။

ရေးဟာနာ သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတွေက ဖခင်ဖြစ်သူ၊ မိခင်ဖြစ်သူ နဲ့အဘိုးဖြစ်သူတို့ကို မုသားဖော် စစ်ဆေးမှုတွေနဲ့စစ်ဆေးခဲ့တယ်လို့ ဝမ်ကပြောပါတယ်။ ရှီဒစ်ဟာ စစ်ဆေးမှုမှာမအောင်မြင်ခဲ့ဘဲ သြဂုတ် ၂၆ ရက်က ကလေးကို လွတ်ကျခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ ပါတယ်။ သူဟာ ဖုန်းဆော့နေရင်း ကလေးချီခဲ့တာဖြစ်ပြီး ကလေးရဲ့သေးခံ ကြမ်းပေါ်ပြုတ်ကျတာ မြင်လိုက်လို့ ကောက်ဖို့ကြိုးစားခဲ့တာလို့ ပြောပါတယ်။ အဲ့သည့်အချိန်မှာ ကလေးငယ်ပြုတ်ကျသွားခဲ့ပြီး ကြမ်းပြင်ပေါ်ကို နောက်စေ့နဲ့ကျခဲ့တာဖြစ်ပါတယ်။ သည်ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုဆက်လက်ပြုလုပ်နေဆဲလို့ သိရပါတယ်။

Credit : newsKumudra/


13 Jul 2016     1,696 Views




RELATED

Most Popular of Special or Others

Most Popular of NEWS