ဆန္ဒဖော်ထုတ်တာနှင့် ဆန္ဒဖော်ထုတ်ရန် စည်းရုံးတိုက်တွန်းတာ မလုပ်ရန် မဘသ ထုတ်ပြန
12 Jul 2016 1,921 Views

မဘသ (ဗဟို) ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ နိုင်ငံတ၀န်းက မဘသအဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒဖော်ထုတ်တာနဲ့၊ ဆန္ဒဖော်ထုတ်ဖို့ စည်းရုံးတိုက်တွန်းတာတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စင်ကာပူနိုင်ငံခရီးစဉ်မှာ “မဘသ မလိုအပ်တောဘူး”လို့ ပြောဆိုခဲ့သလို၊ အပြန် ရန်ကုန်လေဆိပ်မှာလည်း ထပ်မံပြောခဲ့ပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ဇူလိုင် ၇ ရက်နေ့မှာ မဘသ ဗဟိုအရေးပေါ်အစည်းအဝေး ကျင်းပကန့်ကွက်ခဲ့ပြီး အစိုးရအနေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ပြောကြားချက်အပေါ် ဇူလိုင် ၁၄ ရက်နေ့မတိုင်မီ ဖြေရှင်းဖို့တောင်းဆိုခဲ့ပါတယ်။
Credit : DVB TV News