BEC-TERO TV

အမြန်ရထားလာနေချိန် Selfie ဓာတ်ပုံရိုက်သည့်လူငယ်တစ်ဦး ရထားတိုက်မိ၍ ပွဲချင်းပြီးသေဆုံး

12 Jul 2016     1,428 Views


ဇူလိုင် ၁၁ ရက်က နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာလာသော အမြန်ရထားနှင့် အမှတ်တရအဖြစ် Selfie ဓာတ်ပုံရိုက်သည့် လူငယ်တစ်ဦး ရထားတိုက်မိ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက်ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှည်း ကူးမြို့နယ်အတွင်း ထုံးကြီးနှင့် ဒါးပိန်ဘူတာကြား မိုင်တိုင် ၂၄ အနီးတစ်ဝိုက်ရှိ ရထားသံလမ်းပေါ်၌ အဆိုပါ လူငယ်က အမြန်ရထားလာနေချိန် Selfie ဆွဲခဲ့ခြင်းကြောင့် ရထားနှင့် တိုက်မိပြီးသေဆုံးသွားခြင်းဟု သိရသည်။

“ရထားက ဥသြဆွဲသေးတယ်။ ကောင်လေးက သံလမ်းဘေးကို ဆင်းရှောင်ပေးမယ်လို့ ထင်ထားတာ။ ရုတ်တရက်ကြီးဖုန်းကို ထုတ်ပြီးတော့ Selfie ဆွဲတယ်လို့ သိရတယ်”ဟု မြန်မာ့မီးရထား ရန်ကုန်တိုင်းဒေသကြီး သွားလာရေးမန်နေဂျာ ဦးကျော်စိုးလင်းက ပြောသည်။ နေပြည်တော်မှ ရန်ကုန်သို့ထွက်လာသော ၃၁ အစုန်ရထားသည် အမြန်ရထားဖြစ်သည်နှင့်အညီ မြန်နှုန်းမြင့်မောင်းလာ ခဲ့ခြင်းဖြစ်ကာ သေဆုံးသူလူငယ်ကိုမြင်ချိန်တွင် ဥသြဆွဲခဲ့ရုံမက ဘရိတ်ပါအုတ်ခဲ့သော်လည်း လူငယ်၏ကိုယ်တစ်ခြမ်းကို တိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

““လူငယ်တွေ ဘာဖြစ်ကုန်တာလဲဆိုတာ နားကိုမလည်တော့ဘူး။ ဒါမျိုးက မြန်မာနိုင်ငံမှာတစ်ခါမှမကြားဖူးဘူး။ နိုင်ငံခြားမှာတော့ Selfie ဆွဲရင်း ရထားတိုက်မိပြီး သေတာတွေကြားဖူးတယ်””ဟု ဦးကျော် စိုးလင်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံရထားနှင့် ထိခိုက်မိ၍ သေဆုံးသူမှာ တစ်နှစ်လျှင် ၁၅ ဦးခန့် ရှိနေပြီး ရထားနှင့် Selfie ဆွဲ၍ သေဆုံးသူဆိုသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူ သန်း ၃၀ ကျော်လာခဲ့ ပြီဖြစ်ကြောင်းနှင့် မိုဘိုင်းဖုန်းသုံးစွဲကြသူများထဲ၌ အန္တရာယ်ကိုမမူနိုင်ဘဲ Selfie ရိုက်ကူးမှုအပေါ် စွဲလမ်းကြသူများစွာရှိလာ နေကြောင်းလည်း ကြားသိရသည်။

Credit : pyimyanmarnews/


12 Jul 2016     1,428 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS