BEC-TERO TV

အာဇာနည်နေ့အခမ်းအနားသို့ ဦးအောင်ဆန်းဦးမတက်ရောက်ဟုဆို

11 Jul 2016     1,614 Views


ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦးသည် မျက်စိခွဲစိတ်ရမည်ဖြစ်၍ (၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်း အနားသို့ တက်ရောက်ဂါရ၀ပြု မည်မဟုတ်ကြောင်း သတင်းရရှိသည်။ ဦးအောင်ဆန်းဦးသည် အမေရိကန်နိုင်ငံရှိ ဆေးရုံ၌ ဇူလိုင်၂၇ ရက်တွင် မျက်စိခွဲစိတ်ရမည် ဖြစ်၍ ဇူလိုင် ၉ ရက်ကတည်း က မြန်မာနိုင်ငံမှ ထွက်ခွာသွား ကြောင်း ဦးအောင်ဆန်းဦးနှင့် အနီးကပ်နေထိုင်သူ ကိုဇော်က ပြောသည်။ ‘‘အဘက အမေရိကမှာ ဇူ လိုင် ၂၇ ရက်မှာ မျက်စိခွဲရမယ်။ မျက်စိခွဲပြီးရင် တစ်လနားရမယ် ပြောတယ်။ ချိန်းပြီးသားလည်း ဖြစ်နေတာ။ ဒီနှစ်အာဇာနည်နေ့ တော့ မတက်ဖြစ်တော့ဘူး။ ဦး မောင်မောင်လှက ကိုယ်စားတက် မယ်။ အဘမရှိရင် ဦးမောင်မောင် လှက ကိုယ်စားတက်ပေးတယ်။

အဘက အမေရိကမှာ ခြောက်လ လောက် နားနေမယ်ပြောတယ်’’ ဟု ကိုဇော်က ပြောသည်။ ဦးအောင်ဆန်းဦးသည် ယခင်စစ်အစိုးရလက်ထက်တွင် ကျင်းပသော အာဇာနည်နေ့ အ ခမ်းအနားများသို့ နှစ်စဉ်နီးပါး တက်ရောက်ပြီး ဂါရ၀ပြုခဲ့သည်။ ၎င်းသည် ပုဂံမြို့တောင်ဘီကျေးရွာတွင် အခြေချနေထိုင်လျက်ရှိ သည်။ ယခုနှစ်အာဇာနည်နေ့အ ခမ်းအနားသို့ အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သော နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဂါရ၀ပြု မည်ဖြစ်ကြောင်း သမ္မတရုံးပြော ခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြော ကြားထားသည်။ (၆၉) နှစ်မြောက် အာဇာ နည်နေ့အခမ်းအနားကျင်းပရေး အတွက် ဒုသမ္မတ (၁)ဦးဆောင် သော ကော်မတီသုံးရပ်ဖွဲ့စည်း ထားသည်။ ဗဟိုကော်မတီနာယ ကအဖြစ် ဒုသမ္မတ (၁) ဦးမြင့် ဆွေက ဦးဆောင်ပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦး အောင်ကိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

အာဇာနည်နေ့ကျင်းပရေးလုပ်ငန်းကော်မတီ၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဥက္ကဋ္ဌဖြစ်ကာ လုံခြုံရေးကော်မတီဥက္ကဋ္ဌ သည် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ် ချုပ်အောင်စိုးဖြစ်သည်။ ရန်ကုန်မြို့ အာဇာနည် ဗိ မာန်ကို ယခုနှစ်တွင် ၁၉၈၃ က ရေးဆွဲခဲ့သော ဒီဇိုင်းအတိုင်းပြန် လည်မွမ်းမံလျက်ရှိသည်။ (၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်း အနားအတွက် အာဇာနည်ဗိမာန် ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီတို့က တစ်လကျော်ကြိုတင်၍ အကြီးစားပြင်ဆင်မှု ပြုလုပ်ရာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းပြီးစီးနေကြောင်း ယင်းကော်မတီဝင် (၄) ဒေါ်သန်းမြင့်အောင်က ပြောကြားထားသည်။

Credit ; http://www.7daydaily.com/


11 Jul 2016     1,614 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS