BEC-TERO TV

စူပါ တိုင်ဖုန်းမုန်တိုင်း ဦးတည်လာနေပြီဖြစ်သဖြင့် လေကြောင်းခရီးစဉ်များ ထိုင်ဝမ်ဖျက်သိမ်း

08 Jul 2016     1,404 Views


ဇူလိုင် ၇ ။ ။ အင်အားပြင်းထန်သည့် စူပါတိုင်ဖုန်း မုန်တိုင်း ဦးတည်လာနေပြီဖြစ်သဖြင့် ဇူလိုင်လ ၇ ရက်၌ ထိုင်ဝမ်အာဏာပိုင်များက ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အလားတူ မုန်တိုင်းအန္တရာယ်ကြောင့် လက်ရှိအချိန်တွင် ကျောင်းများ၊ ရုံးများကိုလည်း ပိတ်ထားပြီး ပြည်သူများထံသို့ သတိပေးချက်များ ထုတ်ပြန်ထားသည်။ မုန်တိုင်းအတွင်း လေတိုက်နှုန်းမှာ တစ်နာရီလျင် ၂၄၅ ကီလိုမီတာ ( ၁၅၂မိုင်) ရှိမည်ဖြစ်ပြီး အရှေ့ဘက်နယ်မြေဒေသများဖြစ်သော ဟွာလီယန်နှင့် ထိုင်ထောင်တို့ဆီသို့ ဦးစွာ ၀င်ရောက်မည်ဖြစ်ကာ ဇူလိုင် ၈ ရက်တွင်ယင်းဒေသများ၌ မြေပြိုမှုများဖြစ်လာစရာရှိကြောင်း ထိုင်ဝမ်မိုးလေ၀သဌာနက ထုတ်ပြန်ထားသည်။

ယခုအခါ ငါးဖမ်းလှေအားလုံးကိုလည်း ပင်လယ်ပြင်မှ ပြန်လည်ခေါ်ဆောင်ထားပြီး မုန်တိုင်းတိုက်ခတ်ချိန်တွင် လှိုင်းအမြင့်မှာ အများဆုံး ၁၄ မီတာထိ ရှိနိုင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မုန်တိုင်းနောက်ပိုင်း ကူညီကယ်ဆယ်ေ၇းလုပ်ငန်းများ လုပ်ဆောင်ရန် စစ်သားဦးရေ ၃၅,၀၀၀ အဆင်သင့်ရှိနေကြပြီး ကျွန်းအနှံ့ အကူအညီပေးရေး စခန်းများ တည်ဆောက်ထားရှိသည်ဟု သိရသည်။ " မုန်တိုင်းဗဟိုချက်က ထိုင်ဝမ် အရှေ့မြောက်ပိုင်းကို တစ်ဖြည်းဖြည်းချင်း နီးကပ်လာပါပြီ၊ ဒေသအားလုံးအတွက် စိုးရိမ်စရာအခြေအနေကို ရောက်ရှိလာပါပြီ" ဟု မိုးလေ၀သ ဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ စူပါမုန်တိုင်းသည် ထိုင်ဝမ်သို့ ၀င်ရောက်တိုက်ခတ်ပြီး တရုတ်တောင်ပိုင်းသို့ ဆက်လက်ရွေ့လျားသွားမည်ဟု ခန့်မှန်းထားသည်။

Credit : http://mizzimaburmese.com/


08 Jul 2016     1,404 Views




RELATED

Most Popular of International News

Most Popular of NEWS