ထောင်ဒဏ် (၂၁) လ ချမှတ်ခံ ရ တဲ့ လီယွန်နာ မက်ဆီ
07 Jul 2016 1,451 Views
- ထောင်ဒဏ် (၂၁) ချမှတ်ခံရတဲ့ မက်ဆီ ။
- ယူရို ငွေ ၄.၅ သန်း တန်ဖိုးရှိ အခွန်လိမ်လည်မှု ။
- ထောင်ဒဏ် (၂၁) လ နှင့် ပါတ်သက်ပြီး မက်ဆီတို့အနေနဲ့ ဆက်လက် အယူခံဝင်သွားမည် ။
လကမ္ဘာ ပေါ်မှ လာတဲ့ ဘောလုံးသမားလို့ အသတ်မှတ်ခံရတဲ့ အာဂျင်တီးနားနိုင်ငံသား ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နာ မက်ဆီ ဟာ အခွန်ငွေ လိမ်လည်မှုနှင့် ပါတ်သတ်ပြီး ထောင်ဒဏ် (၂၁) ချမှတ်ခြင်းကို ခံထားရပါတယ် ။
၂၀၀၇ ခုနှစ် နှင့် ၂၀၀၉ ခုနှစ် အတွင်း စပိန်နိုင်ငံတွင် ပေးဆောင်ရမည့် ယူရိုငွေ ၄.၅ သန်း ကို လိမ်လည်ထားမှုကြောင့် မက်ဆီ နှင့် အတူ သူရဲ့ ဖခင် ဂျော့မက်ဆီ ပါ ထောင်ဒဏ် ကျခံဖို့ ရှိနေပါတယ် ။
Image right အတွက် သူတို့ နှစ်ဦးဟာ ဘယ်လီဇီ နှင့် ဥရုဂွေး နိုင်ငံ မှာရှိတဲ့ tax havens ကိုအသုံးပြုထားမှု အတွက်လည်း ယူရိုသန်းနှင့်ချီပြီး ပေးဆပ်ဖို့ ရှိနေပါတယ် ။
ဒါပေမယ့်လည်း အခုလို ထောင်ဒဏ် ချမှတ်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပါဘူး ။ စပိန်နိုင်ငံရဲ့ တရား ဥပဒေ အရတော့ ၂ နှစ်အောက် ထောင်ဒဏ် ပြစ်ဒဏ်ဟာ ခံဝန်လွှာ နှင့် အတူ ခတ္တာ နေထိုင်တရား ရင်ဆိုင်ခွင့်ရှိပါတယ် ။
မက်ဆီ တို့ သားအဖ နှစ်ယောက် ဟာ ဗုဒ္ဓဟူးနေ့က ဘာစီလိုနာ တရားရုံး မှာ တရား ရင်ဆိုင်ခဲ့ပြီး ပြစ်ဒဏ်ရှိကြောင်း တရားရုံးက ချမှတ်ခဲ့တာပါ ။
လက်ရှိချမှတ် ထားတဲ့ ထောင်ဒဏ် နှင့် ပါတ်သတ်ပြီး စပိန်နိုင်ငံမှာရှိ ပိုမို သြဇာရှိသော တရားရုံးချုပ်တွေ မှာ အယူခံဝင်ခွင့် ရှိကြောင်းလဲသိရပါတယ် ။
ဘာစီလိုနာ အသင်းမှ လည်း မက်ဆီ တို့ သားအဖ (၂) ယောက် ဖက် မှ အပြည့်အဝ ရပ်တည်ရင်ဆိုင်ပေးသွားမယ်လို့ပြောဆိုခဲ့ပြီး မက်ဆီလိုလူမျိုး အနေနဲ့ ယခုလို ပြစ်ဒဏ်ကျူးလွန်မှုမျိုး ကိုဘယ်နည်းနဲ့မှ ပြုလုပ်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ် ။