BEC-TERO TV

တောင်တွင်းကြီးမြို့၌ ခါးပိုက်နှိုက်သူ အမျိုးသမီးတစ်ဦးအား အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

07 Jul 2016     1,521 Views


မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင် ခါးပိုက်နှိုက်သူ အမျိုးသမီးတစ်ဦးအား အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိမှုတစ်ခု ယနေ့ ဇူလိုင်လ (၆)ရက် မွန်းလွဲ(၁၂)နာရီ (၅၀)မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ်၊ အုန္နဲတန်းကျေးရွာအုပ်စု၊ အုန္နဲတန်းကျေးရွာနေ (ဘ) ဦးမြင့်ရှိန်၏သမီး ဒေါ်ခိုင် (သ) ၄၀ နှစ် သည် ယနေ့ ဇူလိုင် (၆)ရက် နံနက်(၉)နာရီခွဲ အချိန်ခန့်တွင် တောင်တွင်းကြီးမြို့၊ မြို့မဈေးအတွင်း “သိန်းကမ္ဘာမြိုင်” ကုန်စုံဆိုင်တွင် ဈေးဝယ်ပြီး ဈေးဖိုးငွေရှင်းရန် ၎င်းလွယ်ထားသည့် စစ်စိမ်းရောင်လွယ်အိတ် အတွင်းသို့ ပိုက်ဆံနှိုက်ယူရာ အိတ်မှာ ဇစ်ပွင့်နေပြီး အိတ်အတွင်း ထည့်ထားသည့် ငွေစက္ကူရောရာ ( ၁၀၂၀၀၀၀ိ/- )နှင့် စိုက်ပျိုးစရိတ်ချေးငွေ ဘဏ်စာအုပ်မှာ ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည် ။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် သိန်းဇော်ထွန်း ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူအား လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ မွန်းလွဲ(၁၂)နာရီ (၅၀)မိနစ် အချိန်ခန့် တွင် ပြစ်မှုကျူးးလွန်သူ မနုဝါ (သ)၂၁ နှစ်(ဘ)ဦးဝင်းခင်(မိ)ဒေါ်လှမြင့်၊ မှတ်ပုံတင်မရှိ၊ ကျဘမ်း၊ သဖန်းကုန်းကျေးရွာ၊ တောင်တွင်းကြီးမြို့နယ် နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှိုက်ယူခဲ့သော ငွေကြေးများနှင့် စိုက်ပျိုးစရိတ်ချေးငွေ ဘဏ်စာအုပ်တို့အား နေအိမ် သံသေတ္တာအတွင်းမှ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည် ။ ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေများခိုးယူသူ မနုဝါအား ဥပဒေအရအရေးယူပေးပါရန် ဒေါ်ခိုင် မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်း (ပ) ၆၆၈ / ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ( နှိုက် ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည် ။

Credit : http://www.thithtoolwin.com/


07 Jul 2016     1,521 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS