BEC-TERO TV

အသေခံ ဗုံးခွဲမှုတွေကို အရေးယူ တုံ့ပြန် ကိုင်တွယ် သွားမယ်လို့ ဆော်ဒီ ဘုရင် King Salman က ပြောကြား

06 Jul 2016     1,528 Views


ဆော်ဒီ အရေဗျ နိုင်ငံမှာ အသေခံ ဗုံးခွဲမှုတွေ ဆက်တိုက် ဖြစ်လာ ခဲ့တဲ့ အပေါ် အရေးယူ တုံ့ပြန် ကိုင်တွယ် သွားမှာ ဖြစ်တယ်လို့ ဆော်ဒီ ဘုရင် King Salman က ကတိပေး ပြောကြား လိုက်ပါတယ်။ ဆော်ဒီ နိုင်ငံထဲ က လူငယ်တွေရဲ့ စိတ်နှလုံးသားကို မကောင်းတဲ့ဘက် ဆွဲခေါ်ပြီး လွှမ်းမိုးဖို့ ကြိုးစား နေသူတွေ ကို အပြင်းထန်ဆုံး ထိုးနှက် ပစ်မယ်လို့လည်း King Salman က ကြိမ်းဝါး ခဲ့ပါတယ်။

မဒီနာ မြို့မှာ ရှိတဲ့ အစ္စလာမ် ဘာသာတရားမှာ အထွဋ်မြတ်ဆုံး နေရာထဲ ပါဝင်တဲ့ တမန်တော် မိုဟာမက် ဂူဗိမ္မာန် ရှိရာ ပလီ အနီး ဗုံးကွဲ ခဲ့ပြီး နောက်တစ်ရက်မှာ ဆော်ဒီ ဘုရင်က အခုလို ပြောကြား လာတာ ဖြစ်ပါတယ်။

Credit : BBC Burmese


06 Jul 2016     1,528 Views




RELATED

Most Popular of International News

Most Popular of NEWS