တိုက်ပွဲမှ ထွက်ပြေးတဲ့ သူတို့ရဲ့တပ်သား(၇)ယောက်ကို အရှင်လတ်လတ် အရည်ကြိုသတ်တဲ့ ISIS
06 Jul 2016 1,381 Views
ISIS အကြမ်းဖက်အဖွဲ့အစည်း က အီရတ်တိုက်ပွဲက နေထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ သူတို့ရဲ့ စစ်သား (၇) ယောက်ကို အရှင်လတ်လတ် အရည်ကြိုပြီး သတ်ခဲ့ပါတယ် ။
ဒီအကြမ်းဖက်သား (၇)ယောက်ဟာ ဆာလာဟူဒိန် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အတွင်းမှ ထွက်ပြေးခဲ့တာဖြစ်ပြီး သူတို့ကို Islamic State အကြမ်းဖက် အဖွဲ့အစည်းမှ လွန်ခဲ့တဲ့ တနင်္လာနေ့မှာ သတ်မိန့်ချမှတ်ခဲ့တာဖြစ်ပါတယ် ။
ဒေသခံတွေရဲ့ သတင်းအရ ပွက်ပွက်နေတဲ့ ရေစည်ထဲကို သူတို့ (၇) ယောက်ကို အရှင်လတ်လတ် မသတ်မှီ မှာ လုံးဝ ထွက်ပြေးလို့ မရအောင် ခြေတွေလက်တွေကို ကြိုးနဲ့ ခြည်နှောင်ထားပါတလို့သိရပါတယ် ။
အမည်မဖော်လိုသော သတင်းသမား အချို့မှလည်း လွန်ခဲ့သော လ တွင်လည်း ISIS အကြမ်းဖက် အဖွဲ့အစည်းက တိုက်ပွဲမှ ထွက်ပြေးတဲ့ သူတို့ရဲ့ တပ်သား(၁၉) ယောက်အထိ ပြန်လည် သတ်ဖြတ်ခဲ့ကြောင်းသိရပါတယ် ။
အခုလို အရှင်လတ်လတ် အရည်ကြိုသတ်ဖြတ်ခြင်းဟာ ISIS အတွက် ပထမဦးဆုံး အကြိမ် မဟုတ်ပါဘူးလို့ ISIS မှ ဖမ်းဆီးသွားခဲ့တဲ့ ဆယ်ကျော်သက် အမျိုးသမီး တစ်ဦးမှပြောဆိုပါတယ် ။
အသက် ၁၇ နှစ် သာရှိသေးတဲ့ ရာဇီဒီ အမျိုးသမီးတစ်ဦးကို လွန်ခဲ့သော နှစ်မှာ ISIS က ရှင်ဂါယ်မြို့ကို ဝင်ရောက်စီးနှီးစဉ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ် ။
ဖမ်းစီးသွားပြီးနောက် သူမကို နေ့စဉ် အစုအဖွဲ့လိုက် သားမယားပြုကျင့်ရိုက်နှက် ခဲ့ကြောင်း သူတို့ရဲ့ ဆန္ဒ အတိုင်းမလုပ်ဆောင်က အရှင်လတ်လတ် အရည်ကြိုသတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။