တိုက်ပွဲစစ်သားတွေအမှတ်တရ ကျောက်တိုင်မှာ အလေးသွားတဲ့ ကလေး ၅ ယောက်အမေ ကို တရားရုံးမှ စွဲချက်တင်
05 Jul 2016 1,363 Views
အလုပ်အကိုင်မဲ့ တဲ့ ကလေး ၅ ယောက်အမေ ဟာ စစ်ပွဲ မှ ဆုံးရှုံးသူတွေကို အမှတ်တရ ပြုလုပ်ပေးထားတဲ့နေရာ မှာ အပေါ့သွားခဲ့ကြောင်းကို စွပ်ဆွဲချက်တင်ထားတာကို ငြင်းဆိုခဲ့ပါတယ် ။
အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကယ်လီ မာတင်ဟာ ပုဂ္ဂလိက နေရာမှာ မဖွယ်မရာပြုနေတဲ့ ပုံတွေ အင်တာနက်ပေါ်မှာ ထွက်ပေါ်လာတဲ့နောက်မှာ ယခုလို စွဲဆိုချက်တင်ခဲ့ပါတယ် ။
ဓါတ်ပုံတွေထဲမှာကတော့ နေ့လည်ခင်းအချိန်အခါမှာ ပန်းခြံအတွင်းရှိ အမှတ်တရကျောက်တိုင်မှာ အပေါ့သွားနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
ယခုဖြစ်ရပ်မှာ စစ်ပွဲမှ ဆုံးရှုံးခဲ့ရသူတွေ အတွက် အမှတ်တရ ပြုလုပ်မယ့်နေ့ မတိုင်မှီ တစ်ရက်မှာ ဖြစ်ပွားခဲ့တာပါ ။
ဒါဟာ စစ်သားတွေကို မထီမဲ့မြင် စော်ကားမှုပြုတယ်ဆိုပြီးတော့ ဗြိတိသျှ တရားရုံးမှ စွဲချက်တင်ခဲ့တာပဲဖြစ်ပါတယ် ။