လိင်ပိုင်း အလုပ်သမတစ်ဦးကို မသေမချင်းကန်သတ်တဲ့သူ
05 Jul 2016 1,410 Views
လောရီကားမောင်းသမား တစ်ဦးဟာ သူရဲ့ သံခွာပါတဲ့ ဘွတ်ဖိနပ်နဲ့ လိင်လုပ်သမ တစ်ဦးကို မသေမချင်း ကန်ပြီးသတ်ခဲ့တဲ့ အမှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ယနေ့ ချမှတ်ခဲ့ပါတယ် ။
လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများရှိတဲ့ ရပ်ကွက်မှာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အသက် ၂၁ နှစ်အရွယ် ဒါရီအာ ပီအွန်ကို ကိုသတ်ဖြတ်တဲ့အမှုနဲ့ အသက် ၂၄ အရွယ် လူးဝစ် ပီးအာရီကို စွဲချက်တင်ထားရာ ဂျူရီများအနေနဲ့ ဆုံးဖြတ်ချက် ချက်မှတ်ခဲ့မှုမှာ ၂၄ နာရီတောင်မကြာခဲ့ဘူးလို့ သိရပါတယ် ။
ပီအွန်ကို အနေနဲ့ မသေဆုံးမီ အချိန်မှာ မျက်နှာ ၊ ဦးခေါင်း ၊ လည်ပင်း နဲ့ ကိုယ်ခန္ဓာတွေ မှာ ပြင်းထန်စွာ ဒဏ်ရာများခံစားခဲ့ရကြောင်းကို လည်း ဆေးစစ်ချက်များ အရသိရပါတယ် ။
ပီအွန်ကိုဟာ ယခု အရပ်ဒေသကို ပြောင်းရွှေ့လာခဲ့တာ ၁၀ လ ခန့်သာ ရှိပြီး သူရဲ့ မိသားစုဝင်တွေက သူဟာ ဘား တစ်ခုမှာ အလုပ်လုပ်ကိုင်နေကြောင်းကိုသာ သိရှိထားတာဖြစ်ပါတယ် ။
ပြစ်မှုကျွန်းလွန်သူ လူးဝစ် ဟာ အရင်ကလဲ ခိုးမှု ၊ လုယက်မှုတွေကို ကျူးလွန်ထားသူဖြစ်တယ်လို့လဲသိရပါတယ် ။