BEC-TERO TV

နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace Hotel ၌ နိုင်ငံခြားသားတစ်ဦး သေဆုံး

30 Jun 2016     1,416 Views


နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace Hotel ၌ အသက် (၅၉) နှစ်အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦး ဇွန် ၂၉ ရက်နေ့ညက သေဆုံးလျှက်တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ Royal Ace Hotel ပုဂံဆောင်၊ အခန်းအမှတ် (၁၆၃၃) တွင် တည်းခိုသော နိုင်ငံခြားသားတဦး သေဆုံနေကြောင်း ဒက္ခိဏသီရိမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်တိုင်တန်းသဖြင့် စခန်းမှူး ရဲအုပ် ကျော်ခိုင်၊ ဒု-ရဲအုပ် ဝေယံအောင်တို့သွားရောက်စစ်ဆးရာ အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေးပညာရှင် မစ္စတာ Nageswara Rao Vajaha (ပတ်စပို့နံပါတ်-H3673663) သည် အခန်းတွင်းရှိ ကုတင်ပေါ်၌ ကန့်လန့်ဖြတ် ပက်လက်လှန်အနေအထားဖြင့် နှာခေါင်းမှ သွေးများယိုစီးလျှက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

မစ္စတာ Nageswara Rao Vajaha မှာ ဖိတ်ကြားချက်အရ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဋ္ဌာနမှ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဇွန် ၂၇ ရက်က အဆိုပါ ဟိုတယ်သို့ရောက်ရှိခဲ့၍ ဇွန် ၂၈ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဇွန် ၂၉ အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသဖြင့် ၎င်းနှင့်အတူ အစည်းအဝေး တက်ရောက်လျှက်ရှိသော ဗြိတိန်နိုင်ငံသား မစ္စတာ စတီဗင်ဒေးဗစ်နှင့် ဟိုတယ်မှ ဧည့်ကြိုဝန်ထမ်းတဦးတို့ မွန်းလွဲ ၃ နာရီခန့်က သွားရောက်ကြည့်ရှုရာ သေဆုံးလျှက် တွေ့ရှိခဲ့ရသည် ဟုဆိုသည်။ ၎င်းသေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Credit : သတင်းစုံ


30 Jun 2016     1,416 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS