ကိုယ်ဝန်ဆောင်မိခင်ရဲ့ ၀မ်းဗိုက်ထဲက ကလေးရဲ့ မျက်နှာကို မြန်မာနိုင်ငံမှာ ပထမဆုံးစစ်ဆေးကြည့်ရှုနိုင်ပြီ
30 Jun 2016 1,399 Views

မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ကိုယ်ဝန်ဆောင်မိခင်ရဲ့ဝမ်းဗိုက်ထဲက ကလေးငယ်ကိုကျားမခွဲနိုင်ရုံသာမကကလေးရဲ့မျက်နှာကိုပါတွေ့မြင်နိုင်အောင်စမ်းသပ်ပေးတဲ့ ၀န်ဆောင်မှု ရန်ကုန်မြို့မှာရှိတဲ့ ဘမ်ရွမ်ဂရက် ဆေးခန်း-ရန်ကုန်မှာ ပြုလုပ်ပေးနေပြီလို့ သိရပါတယ်။ ဘမ်ရွမ်ဂရက် ဆေးခန်း-ရန်ကုန်မှာ ရောဂါရှာဖွေရေးကို အဓိက ဦးစားပေးဆောင်ရွက်ပေး မှာ ဖြစ်တယ်လို့လည်း ဘမ်ရွမ်ဂရက် ဆေးရုံ-ရန်ကုန်ရဲ့ ဒါရိုက်တာဦးမိုးရဲကျော်က ဇွန်လ(၂၈) ရက်မှာပြုလုပ်တဲ့ ဘမ်ရွမ်ဂရက် ဆေးခန်း-ရန်ကုန် ဖွင့်ပွဲမှာပြောသွားခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဘမ်ရွမ်ဂရက်ဆေးရုံကြီးတည်ရှိတဲ့ ထိုင်းနိုင်ငံ ၊ ဘန်ကောက်ကို သွားရောက်ကုသစရာမလိုပဲ ရန်ကုန်မှာပဲကုသနိုင်အောင်ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့လည်း ဒါရိုက်တာ ဦးမိုးရဲကျော်က ဆိုပါတယ်။
ဘမ်ရွမ်ဂရက် ဆေးရုံ-ရန်ကုန်ကို ဘမ်ရွမ်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံနဲ့ Yanogn International Medical Services(YIM) တို့ အကျိုးတူ ပူးပေါင်းဖွင့်လှစ်တာ ဖြစ်ပါ တယ်။ ပြည်တွင်းက ဝန်ထမ်းတွေကိုလည်း ဘမ်ရွမ်ဂရက်ဆေးရုံက ဝန်ထမ်းတွေနဲ့ ပူးပေါင်းလေ့ကျင့်ပေးပြီးဝန်ဆောင်မှုတွေ ပေးသွား မှာ ဖြစ်တယ်လို့သိရပါတယ်။ ဘမ်ရွမ်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံဟာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာတည်ရှိပြီး နှစ်စဉ်လာရောက်ကုသတဲ့ လူနာ ၁ဒသမ၁ သန်းရှိပါတယ်။ အဲဒီလူနာတွေထဲမှာ မြန်မာပြည်က လာရောက်ကုသမှုခံယူတဲ့ လူနာပေါင်း (၃) သိန်းကျော်ရှိတယ်လို့ လည်းသိရပါတယ်။
Credit : mayoneyinponepyinmat