အိန္ဒိယ နိုင်ငံ က ကြောက်စရာ ကောင်းတဲ့ ခံတပ်ကြီး
30 Jun 2016 1,455 Views
Bhangarh ခံတပ်ပါ ။ အနီးအနား တစ်ဝိုက်မှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ အများအပြား ဖြစ်ပွါးတတ်ပါတယ် ။ အိန္ဒိယ ရှေးဟောင်း သုတေသန စစ်တမ်းကောက် တဲ့ အဖွဲ့ Archaeological Survey of India (ASI) က နေဝင်ချိန် ၊ အမှောင် ရိပ်သန်းချိန်မှာ ထို နယ်မြေထဲ ကို လူဝင်ခွင့်မပြုပဲ သတိပေး တားမြစ်ထားပါတယ် ။ ဒဏ္ဍာရီ ပုံပြင် တွေ အနေနဲ့ ကတော့ မှော်ဆရာ တစ်ယောက် က ဘုရင့်သမီးတော်လေးကို ချစ်ခင် မြတ်နိုးလွန်းလို့ သူ့ရဲ့ မှော်အတတ်ကို အသုံးပြုပြီး မင်းသမီးလေးကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါတယ် ။
မင်းသမီးလေး က သိပြီး အတင်းငြင်းလို့ မှော်ဆရာ က စိတ်ဆိုးပြီး အဆောက် အအုံတွေ ၊ ဘာကြောင့်မှန်းမသိ သေဆုံးသွားတဲ့ ဝိညာဉ် တွေ ကို ကျိန်စာတိုက် လိုက်ပါတယ် ။ ထို ကျိန်စာ တိုက် ခံရတဲ့ အရာတွေ က ရာစုနှစ် ရှည်ကြာ ဦးတည်ရာမဲ့ ခြောက်လှန့် နေတတ်ပါတော့တယ် ။ နောက်တစ်ခု က အမိုးတွေ အလို အလျောက် ပြိုကျ ကုန်တဲ့ ခံတပ်တွေ နဲ့ အဆောက်အအုံတွေပါပဲ ။ ထိုအရာတွေ ၊ အကြောင်းပြချက် တွေကြောင့် ညမှောင်ချိန်ဆို လူတွေ မနေရဲတော့သလို ၊ စမ်းသပ်ချင်လို့ နေတဲ့ သူတွေထဲကလည်း တစ်ယောက်မှ အသက်ရှင်လျက် ပြန်လာခွင့်မရှိ ဖြစ်သွားလို့ပါ ။
Credit : mayoneyinponepyinmat